ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုက်ထဲမှာ ကပ်ကျေး ရှိနေကြောင်း ၁၈ နှစ်ကြာမှ သိ
ဗီယက်နမ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၈ နှစ်က ခွဲစိပ်ကုသမှုခံယူခဲ့စဉ် အမျိုးသား တစ်ယောက်ရဲ့ ဗိုက်ထဲမှာ ကျန်ခဲ့တဲ့ ခွဲစိပ်ခန်းသုံး ကပ်ကျေးကို ခွဲထုတ်ပေးလိုက်ကြောင်း ဗီယက်နမ်က ဆရာဝန်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့လက မတော်တဆ ကားတိုက်မှု ဖြစ်ပြီး နောက် ultrasound ရိုက်ကြည့်ရာမှာ Ma Van Nhat ရဲ့ အူမကြီးဘေးမှာ ၁၅ စင်တီမီတာ အရှည်ရှိတဲ့ကပ်ကျေး စိုက်နေတာကို ဆရာဝန်တွေ သတိပြုမိခဲ့တာဖြစ်ပါတယ်။
အဲဒီ ကပ်ကျေးဟာ ၁၉၉၈ခုနှစ်က အဲဒီလူ ခွဲစိပ်ကုသ ခံယူတုန်းမတော်တဆ မေ့ကျန်ခဲ့တာ ဖြစ်ပုံရပါတယ်။
ကပ်ကျေးလက်ကိုင်တွေက သံချေးတက်လာနေပြီး ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေထဲမှာ မြုပ်နေခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
အဲဒီကပ်ကျေးကို သုံးနာရီကြာ အချိန်ယူ ဖယ်ရှားခဲ့ရပါတယ်။