ကာဒစ်စတန် ခေါင်းဆောင် ရာထူးက နုတ်ထွက်

ရေးသားခဲ့သည်။

အီရတ်က ကာဒစ်စတန် ဒေသန္တရ အစိုးရ အကြီးအကဲ မာဆွတ်ဒ် ဘဇာနီဟာ ရာထူးက နုတ်ထွက်သွားခဲ့ ပေမယ့် သူ့ဒေသ လွတ်လပ်ရေး ရဖို့ ဆက်လက် တိုက်ပွဲ ၀င်သွားမယ်လို့ ပြောပါတယ်။

ဥပဒေကြောင်း အရ သမ္မတ သက်တမ်း ကို ပါလီမန် က တိုးပေးလို့ ရပေမဲ့ သူက သက်တမ်းလည်း မတိုးတော့ဘူး၊ ဥပဒေ အရ သက်တမ်းတိုးဖို့ ပြင်ဆင် ရင်တောင် သူဘက် က လက်မခံတော့ပါဘူး လို့ သူ နှုတ်ထွက်ရတဲ့ အကြောင်းရင်း ကို မစ္စတာ ဘဇာနီ က ရုပ်သံ မှ တဆင့် ပြည်သူ ကို အသိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ လက လွတ်လပ်ရေး အတွက် ပြည်သူတွေ မဲပေးခဲ့ပြီးနောက် ကာ့ဒ် လူမျိုးတွေ အတွက် ဘယ်သူမှ ရပ်တည်မပေးခဲ့ကြတဲ့ အပေါ် သူက ပြစ်တင်ပြောခဲ့ပါတယ်။

ဒါ့အပြင် အီရတ်တပ်ဖွဲ့တွေကို ပြန်မတိုက်ဘဲ ရေနံကြွယ်၀တဲ့ ကာကွတ်မြို့ကို လွဲပေးခဲ့တဲ့ အပေါ် သစ္စာဖောက်မှုနဲ့ သူ့ နိုင်ငံရေး ပြိုင်ဖက်တွေကို ရာထူးကနုတ်ထွက်ခဲ့တဲ့ ဒေသန္တရ အစိုးရ ခေါင်းဆောင်က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ကာဒ့်လူမျိုးတွေ ရဲ့ အနှစ်နှစ် အလလ အိပ်မက် အခုလို ချေဖျက် ခံရလို့ မာဆွဒ် ဘဇာနီ က နှုတ်ထွက်တာ ကို ပါလီမန် က လက်ခံလိုက်တယ် ဆိုတာ သိတာနဲ့ သူ့ကို ထောက်ခံသူတွေ ဟာလည်း ပါလီမန်ထဲ အဓမ္မ ဝင်ရောက်ကြပြီး သူတို့ ခေါင်းဆောင် ကို စော်ကားတယ် လို့ အော်ဟစ် စွပ်စွဲ ကြပါတယ်။

Irbil မြို့က ကာ့ဒစ်ရှ် ပါလီမန်မှာ မစ္စတာ ဘဇာနီ နုတ်ထွက်စာ တင်သွင်းပြီးနောက် သူ့ကို ထောက်ခံသူတွေ ဒေါသထွက်နေတဲ့ မြင်ကွင်းကို တွေ့ရပြီး အဆောက်အအုံအတွင်း ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ သတင်းရရှိပါတယ်။