
စွန့်စား ဝမ်းစာရှာကြရတဲ့ မြန်မာ အမျိုးသမီးတွေ
မြန်မာနိုင်ငံက အမျိုးသမီးလေးတွေ လူကုန်ကူးခံရပြီး တရုတ်နိုင်ငံဘက်မှာ ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ သတင်းတွေ မကြာခင် ရက်ပိုင်းက ကြားခဲ့ကြရပါတယ်။
သောတရှင်တို့ ပတ်ဝန်းကျင်မှာ ဒီလို အဖြစ်မျိုးတွေ ရှိခဲ့ သိခဲ့ ရင် ကျွန်တော်တို့ ကြားချင်ပါတယ်။
ဒီပြသနာကို ဘယ်လိုတားဆီးနိုင်မလဲ။ ဒီအဖြစ်တွေ ဖြစ်ရတာအတွက် ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ ယူဆပါသလဲ။
လာမဲ့ ဇူလိုင်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ကြဖို့ သောတရှင်တွေကို ဖိတ်ခေါ်အပ်ပါတယ်။
ပါဝင်ဆွေးနွေးချင်တယ်ဆိုရင် ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး သောတရှင်ရဲ့ နာမည်နဲ့ ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်တို့ကို တယ်လီဖုန်းအသံဖမ်း စက်ထဲမှာ အသံသွင်းထားခဲ့နိုင်ပါတယ်။
burmese@bbc.co.uk ဆိုတဲ့ email လိပ်စာနဲ့လည်း စာရေးသား ဆက်သွယ် နိုင်ပါတယ်။ ဖုန်းနံပါတ်ကို email နဲ့ ပေးပို့ရင် ဘီဘီစီက ပြန်ခေါ်ပေး ပါမယ်။
ဒါမှမဟုတ်ရင် အောက်ပါဖောင်ကို ဖြည့်ပြီး ပေးပို့နိုင်ပါတယ်။
စာတိုက်ကတဆင့် ရေးသား ဆက်သွယ် ချင်တဲ့သူတွေ အတွက်တော့ လိပ်စာက လွတ်လပ်အတွေး ဆွေးနွေးဖလှယ် ကဏ္ဍ၊ စာတိုက်သေတ္တာအမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

