
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြကြမယ့် ဘောလုံး သမား တွေ
လာမယ့် ဇွန်လ ၁၁ ရက်နေ့ဆိုရင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး တောင်အာဖရိက နိုင်ငံမှာ စတင်တော့မှာပါ။ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်တက်မလဲ၊ ဘယ်အသင်း ဗိုလ်စွဲမလဲ၊ သောတရှင် အားကစား ဝါသနာရှင်တွေ ခန့်မှန်းပေးကြဖို့ ဖိတ်ခေါ်ပါရစေ၊
ဆီမီးဖိုင်နယ်ကို တက်လာမယ့် လေးသင်းနဲ့ ဗိုလ်စွဲမယ့် အသင်း အားလုံးကို မှန်အောင် ခန့်မှန်းပေးနိုင်သူတွေကို ဘီဘီစီက လက်ဆောင်ပစ္စည်းတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။
ကိုယ့်ခန့်မှန်းချက်တွေကို ဘီဘီစီကို ဇွန်လ ၁၁ ရက် သောကြာနေ့ နောက်ဆုံးထားပြီး ပေးပို့ကြပါ၊ burmese@bbc.co.uk အီးမေးလ်ဆီ ပေးပို့နိုင်သလို၊ အောက်က ပုံစံကို ဖြည့်ပြီးလည်း ရေးသားပေးပို့နိုင်ပါတယ်။
ပြည်တွင်းက သောတရှင်တွေကလည်း စာတိုက်သေတ္တာ အမှတ် (၉၉၇) ကမ်းနားလမ်း၊ ရန်ကုန်မြို့ကို ရေးသားပေးပို့ကြပါ။ ကိုယ့်ကို ပြန်လည်ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနံပတ် သို့မဟုတ် အိမ်လိပ်စာကို ထည့်ပေးဖို့လည်း မမေ့ကြပါနဲ့။
ခန့်မှန်းချက် ပေးပို့တဲ့ သူတွေဟာ တဦးကို ခန့်မှန်းချက် တစ်ခုပဲ ပေးပို့ရမှာ ဖြစ်ပါတယ်။ တစ်ခုထက် ပိုပြီး ပေးပို့လာသူတွေရဲ့ ခန့်မှန်းချက်တွေကို တော့ ဘီဘီစီက လက်ခံ စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။







