ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုဆူးလ်မှာ အရပ်သား အလောင်း ၄၀ ကို IS တွေ ချိတ်ဆွဲထား
အီရတ် နိုင်ငံ၊ မိုဆူးလ်မြို့မှာ သစ္စာဖောက်တယ် ဆိုတဲ့ စွဲချက်နဲ့ အရပ်သား အယောက် ၄၀ ကို IS အစ္စလာမ္မစ် စစ်သွေးကြွတွေက ပစ်သတ်ခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။
ပစ်သတ်ခံရသူတွေရဲ့ အလောင်းတွေကို ရပ်ကွက် အတော်များများက ဓာတ်တိုင်တွေမှာ ချိတ်ဆွဲထားတယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာက ပြောပါတယ်။
ဒါ့အပြင် မိုဘိုင်းဖုန်း မသုံးဖို့ တားမြစ်ချက်ကို မလိုက်နာတဲ့ လူတစ်ယောက်ကိုလည်း မိုဆူးလ် မြို့လယ်ပိုင်းမှာ IS တွေက လူလယ်ခေါင်မှာ ပစ်သတ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီလို သတ်ဖြတ်တာတွေကို IS တွေက သူတို့ဖာသာ ဖွဲ့ထားတဲ့ တရားရုံးတွေကနေ အမိန့်ချပြီးနောက် သတ်ဖြတ်ခဲ့ကြတာလို့ ကုလ သမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တပြိုင်တည်းမှာ IS တွေက ကလေးသူငယ်တွေကို အသေခံ တိုက်ခိုက်ရေး သမားတွေအဖြစ် အသုံးပြုနေတဲ့ အထောက်အထားတွေ တွေ့ရတယ် လို့လည်း ကုလ သမဂ္ဂက ပြောပါတယ်။
အီရတ် တပ်ဖွဲ့တွေကတော့ မိုဆူးလ် တစ်မြို့လုံးကို IS တွေလက်ကနေ ပြန်သိမ်းနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။