ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလက်ပိုက အကြီးဆုံး သင်္ချိုင်းကြီး ဖြစ်တော့မယ်လို့ ကုလ အရာရှိပြော
ဆီးရီးယား နိုင်ငံ အလက်ပို မြို့က ပိတ်မိနေတဲ့ အရပ်သား တွေ အတွက် အကြီးမားဆုံး သင်္ချိုင်း သုဿန် ကြီး ဖြစ်တော့ မယ်လို့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံ အရာ ရှိ က ပြောကြား လိုက် ပါတယ်။
အလက်ပို မြို့က အရပ်သား တွေ အတွက် အကြီးမားဆုံး သင်္ချိုင်းကြီး မဖြစ်ခင်မှာ လူသာချင်း စာနာ ထောက်ထားမှု နဲ့ အမြန်ဆုံး ကယ်တင် ဖို့ ပန်ကြား လိုပါတယ်လို့ ကုလသမဂ္ဂ အထူးသံအရာရှိ စတီဖင် အို ဘရိုင်ယန် က ကုလသမဂ္ဂ လုံခြုံရေးေ ကာင်စီ မှာ ပြောကြား ခဲ့ပါတယ်။
ဆီးရီးယား အစိုးရ တပ်တွေက သူပုန်တွေ ထိန်းချုပ်ရာ ဒေသ ကို အပြင်းအထန် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး အရပ်သားတွေ အများအပြားဟာ တိုက်ပွဲတွေ ကြားမှာ ပိတ်မိနေပါတယ်။
အဲဒီဒေသ က အရပ်သား တွေဟာ အစားအစာ ပြတ်လပ်မှုတွေ ကြုံတွေ့ နေရပြီး နောက်ထပ် ရက် အနည်းငယ် အတွင်းမှာ မကယ် တယ် နိုင်ရင် လူသေဆုံးမှု အများအပြား ဖြစ်ပေါ် လာနိုင်ကြောင်း ကုလသမဂ္ဂ အထူး သံအရာရှိက လုံခြံရေး ကောင်စီမှာ ပြောကြား သွားခဲ့ ပါတယ်။