ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီတလီမှာ ဝန်ကြီးချုပ်သစ် အစားထိုးခန့်
နုတ်ထွက်သွားတဲ့ အီတလီဝန်ကြီးချုပ် မက်တေယို ရန်ဇီရဲ့ နေရာမှာ အီတလီနိုင်ငံခြားရေးဝန်ကြီး ပါလို ဂျန်တီလိုနီ က ဝန်ကြီးချုပ် အသစ် ဖြစ်လာပါတယ်။
ဝန်ကြီးချုပ်ရာထူးအတွက် အစားထိုးပေးဖို့ တာဝန်ရှိနေတဲ့ အီတလီ သမ္မတ ဆာဂျီယို မက်တရဲလားရဲ့ ခန့်အပ်မှုကြောင့် မစ္စတာ ဂျန်တီလိုနီက အခုလို ဝန်ကြီးချုပ်သစ် ဖြစ်လာတာပါ။
သူက အရင် အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံအတိုင်း အစိုးရအဖွဲ့ကို ဆက်ပြီး ကိုယ်တွယ်သွားမယ်လို့ ပြောဆိုထားတဲ့အတွက် ယခင်ဝန်ကြီးဟောင်းအများစု သူဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ဆက်ပြီး တာဝန်ယူမယ့် သဘောရှိနေပါတယ်။
ဝန်ကြီးချုပ်အသစ်ရဲ့ အစိုးရအဖွဲ့ကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ အီတလီပါလီမန်က မဲခွဲ အတည်ပြုပေးမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်သစ် ဂျန်တီလိုနီဟာ ထွက်သွားတဲ့ ဝန်ကြီးချုပ် မစ္စတာ ရန်ဇီပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီဝင်ဖြစ်ပြီး တော်ဝင် Nobile ဝိသေန တပ်ခွင့်ရတဲ့ မှူးမတ်မျိုးနွယ် မျိုးရိုးရှိသူ တဦးလည်း ဖြစ်ပါတယ်။