ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တူနီးရှားက မွတ်ဆလင်အမျိုးသမီးတွေ မွတ်ဆလင်မဟုတ်သူတွေနဲ့ လက်ထပ်နိုင်ပြီ
တူနီးရှားနိုင်ငံမှာ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တဲ့ မွတ်ဆလင်အမျိုးသမီးတွေ ဘာသာမတူတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ခွင့်ကို တားမြစ်ထားတဲ့ ဥပဒေကို ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ မိမိတို့နှစ်သက်ရာ ခင်ပွန်းသည်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရသွားတဲ့ အပေါ် ဂုဏ်ယူကြောင်းလည်း အစိုးရက ထုတ်ပြန်ပါတယ်။
၂၀၁၇ ခုနစ်အထိ မွတ်ဆလင်မဟုတ်တဲ့ အမျိုးသားတွေဟာ မွတ်ဆလင်အမျိုးသမီးတွေကို ယူမယ်ဆိုရင်
အစ္စလာမ်ဘာသာကို ကူးပြောင်းပြီး လက်ထပ်ရတာဖြစ်ပြီး ကိုးကွယ်မှု ဘာသာကူးပြောင်းပြီးကြောင်း ထောက်ခံချက်တွေကိုလည်း သက်သေအဖြစ် တင်ပြရပါတယ်။အခုတော့ အဲဒီလို ကိုးကွယ်တဲ့ ဘာသာ ကူးပြောင်းစရာ မလိုအပ်တော့ပါဘူး။
လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ မွတ်ဆလင်တွေဖြစ်တဲ့ တူနီးရှားအဖို့ကတော့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုအရှိဆုံး အာရပ်နိုင်ငံအဖြစ် ရှူမြင်ခြင်းကို ခံလာရပါပြီ။
အခုဥပဒေသစ်ဟာ သမ္မတ အာဆီဘီရဲ့ တွန်းအားပေးမှုကြောင့် ၁၉၇၃ ခုနစ်က ထုတ်ပြန်ထားတဲ့ တင်းကြပ်တဲ့ ဥပဒေကို ပယ်ဖျက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။