BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ရန်ကုန်မှာတောပြုန်းမှု ဘောလုံးကွင်း ၆,၅၀၀၀ စာလောက်ရှိ
ရန်ကုန်မြောက်ပိုင်းမှာ ဘောလုံးကွင်း ၆,၅၀၀၀ နီးပါးခန့်ကျယ်တဲ့သစ်တောပြုန်းမှုဖြစ်၊ ဦးမင်းအောင်လှိုင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းသတင်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
ရန်ကုန်က HIV ကူးစက်မှု၊ လူငယ်တွေစိုးရိမ်ချက်နဲ့ ပြည့်တန်ဆာနှိမ်နင်းရေး
ရန်ကုန်မှာ HIV ပိုးထိန်းဖို့ ART ဆေးယူသူဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ၆ သောင်းဝန်းကျင်ရှိရာကနေ ဒီနှစ်ထဲမှာ ၇ သောင်းကျော် လာပါတယ်။
ရုရှားဓာတ်ခွဲခန်းဝန်ထမ်း သေဆုံးမှု - ပလိပ် ရောဂါလား၊ဘာတွေဖြစ်ခဲ့လဲ
ဆိုက်ဘေးရီးယားဒေသက ပလိပ်ရောဂါ သုတေသနဌာနမှာ အလုပ်လုပ်တဲ့ ရုရှားဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီးနောက် ဓာတ်ခွဲခန်းကနေ ရောဂါပိုးထွက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။
နိုဘယ်ဆု အကြောင်း သိထားသင့်တဲ့ အချက် ၅ ချက်
ငြိမ်ချမ်းရေးနိုဘယ်ဆုကို ကိုယ်တိုင် လက်ခံ မရယူ နိုင်ခဲ့ကြသူတွေက ဘယ်သူတွေလဲ
‘သူ့ကို အဖေလို့တောင် ခေါ်ခဲ့ကြတာ’ - မသန်စွမ်းဂေဟာက လိင်အမြတ်ထုတ်မှု
တောင်ကိုရီးယားတစ်နိုင်ငံလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ မသန်စွမ်းဂေဟာမှူးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမှာ ကျူးလွန်ခံရသူ မသန်စွမ်းအမျိုးသမီး ၃ ဦးထဲက ၁ ဦးနဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ပထမ မြန်မာအမျိုးသမီးကမ္ဘာလှည့် ဒဂုန်ခင်ခင်လေး
မြန်မာပြည်မှာ ငါးနှစ်လောက် အချိန်ယူ ပြုပြင်လိုက်ရင် လန်ဒန်လို သန့်ရှင်းသွားမယ်လို့ ဒေါ်ခင်ခင်လေးက ယူဆပါတယ်။ ဘာလီကျွန်းမှာ လက်မှုအနုပညာတွေ ထွန်းကားပြီး ပြည်ပကို တင်ပို့နိုင်သလို မြန်မာပြည်က ပုသိမ်ထီးနဲ့ ရွှေချည်ထိုး၊ ယွန်းထည်စတဲ့ လက်မှုပစ္စည်းတွေကိုသာ တင်ပို့နိုင်ရင် အမေရိကန်သူတွေ ဘယ်လောက် မက်မက်စက်စက် ဝယ်ကြမလဲ ဆိုပြီး ရေးခဲ့ပါတယ်။
ဝါဒဖြန့်ပေးသူတွေကိုပါ စစ်တိုက်ခိုင်း မတဲ့လား
စစ်မှုထမ်းတာ ဂုဏ်ယူစရာလို့ ပြောခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်တွေရဲ့ သားသမီးတွေပါ အကျုံးဝင်လာမလားဆိုတဲ့ မေးခွန်းက လွှတ်တော်ထဲအထိ ရောက်ရှိလာပါတယ်။
"စက်လှေမှောက်ပြီး ခဏအတွင်း မှောင်အတိဖြစ်သွားတယ်"
မြန်မာရေလုပ်သား ၂၀ ပါတဲ့ထိုင်းငါးဖမ်းစက်လှေတစ်စီး ထိုင်းကမ်းလွန်ပင်လယ်ပြင်ထဲနစ်မြုပ်မှုမှာ ရေလုပ်သားအများစုကို လိုင်းကြီးလေထန် ပင်လယ်ပြင်ကနေ ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့မြန်မာရေလုပ်သား ၅ ယောက် အထိရှိနေပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ မသမာတဲ့စီးပွားရေး - ဘီဘီစီမြန်မာပိုင်း အထူးမေးမြန်းခန်း
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် မသမာတဲ့ စီးပွားရေးတွေကို ကိုင်တွယ်ဖို့ ဘာလို့ အရေးကြီးတာလဲ
ဗိုလ်ချုပ်စိုးတင့် - ကိုးကန့်က ဖမ်းထားတဲ့ လားရှိုးတိုင်းမှူးဟောင်း
ကိုးကန့်က နေပြည်တော်ကိုငြိမ်းချမ်းရေးလာဆွေးနွေးတဲ့အခါ ဗိုလ်ချုပ်စိုးတင့်ရဲ့ကံကြမ္မာက အပြောင်းအလဲဖြစ်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

























































