ဘိုခိုဟာရမ် ချုံခို တိုက်လို့ လူ၄၀ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုင်ဒူဂရီ တက္ကသိုလ်က ရေနံရှာဖွေ လေ့လာသူတွေ ပါတဲ့ အဖွဲ့ကို ဘိုခိုဟာရမ် စစ်သွေးကြွလို့ ယူဆရသူတွေက ချုံခို တိုက်ခိုက်ခဲ့တာကြောင့် လူလေးဆယ်ကျော် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က မိုင်ဒူဂရီမြို့ကို အပြန်မှာ လက်နက်ကိုင်အစောင့် အခြံအရံ ကားတန်းတွေ လိုက်ပါလာတဲ့ အဖွဲ့ကို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
ဘူမိပညာရှင်တွေ ၊ စစ်တမ်းကောက်သူတွေ ပါတဲ့ အဲဒီအဖွဲ့ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ စစ်တပ်က အစောပိုင်းတုန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မိုင်ဒူဂရီ တက္ကသိုလ်ကတော့ သူတို့ဝန်ထမ်းတွေ တချို့ အသတ်ခံရပြီး ပျောက်ဆုံးနေသူတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။
သေဆုံးသူ အများစုဟာ စစ်သားတွေနဲ့ အရပ်ဖက် လက်နက်ကိုင် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
















