လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပျောက်ဆုံးနေ

ဓာတ်ပုံ ရင်းမြစ်, EPA
အာဂျင်တီးနား နိုင်ငံမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဆန်တီယေးဂိုး မယ်လ်ဒိုနာဒို ဟာ လွန်ခဲ့တဲ့ တလတုန်းက Patagonia ဒေသမှာ ပျောက်ဆုံးသွားခဲ့တာကြောင့် ထောင်သောင်းချီတဲ့လူတွေက ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဗျူနိုအေးရီးစ် မြို့လယ်မှာ ကျင်းပမယ့် ဆန္ဒပြပွဲမတိုင်ခင် အစိုးရက လုံခြုံရေး တိုးမြှင့်ထားခဲ့ပါတယ်။
အာဂျင်တီးနား တောင်ပိုင်းက Mapuche တိုင်းရင်းသားတွေ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးကတည်းက အသက်၂ဂနှစ် အရွယ်ရှိ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ Santiago Maldonado ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
သူပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ရှာဖွေမှုတွေ လုပ်ဆောင်ပေးဖို့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေ၊ သမဂ္ဂ ခေါင်းဆောင်တွေနဲ့ လက်ဝဲယိမ်း အဖွဲ့တွေက သမ္မတ Mauricio Macri ကို တောင်းဆိုထားပါတယ်။
















