ဘီဘီစီ ရုပ်သံ သတင်းလွှာ MNTV မှာ တင်ဆက်မှု ရပ်ဆိုင်း

bbc burmese
ဓာတ်ပုံ ပုံစာ, ဘီဘီစီ နေ့စဉ် ရုပ်သံအစီအစဉ်ကို နေ့စဉ် ကြည့်ရှုသူ ပရိသတ်ပေါင်း ၃.၇သန်း ရှိ
ရေးသားခဲ့သည်။

၁ စက်တင်ဘာ ၂၀၁၇

ဘီဘီစီ မြန်မာပိုင်း ရုပ်သံအစီအစဉ်ကို MNTV မှ ထုတ်လွှင့်နေခြင်းကို ရပ်ဆိုင်းခြင်း

ရန်ကုန်အခြေစိုက် MNTV ရုပ်သံလိုင်းမှ ဘီဘီစီမြန်မာပိုင်း အစီအစဉ်၏ နေ့စဉ် ရုပ်သံသတင်းလွှာ ထုတ်လွှင့်တင်ဆက်နေခြင်းကို ဘီဘီစီမှ ရပ်ဆိုင်းလိုက်ပါသည်။

ဘီဘီစီကမ္ဘာတလွှားအစီအစဉ်၏ ညွှန်ကြားရေးမှူး Francesca Unsworth က :

"ဘီဘီစီက ထုတ်လွှင့်နေသော အစီအစဉ်များကို ဘီဘီစီနှင့် ပူးတွဲ တင်ဆက်နေသော ရုပ်သံလွှင့်ဌာနများက ကြားဝင်စွက်ဖက်ခြင်း၊ ဖြတ်တောက်ခြင်းများသည် မိမိတို့နှင့် ပရိသတ်များ အကြား ထားရှိသည့် ယုံကြည်မှုကို ပျက်စီးစေသည့် ချိုးဖောက်မှုကြီး ဖြစ်သည့်အတွက် ဘီဘီစီအနေနှင့် လက်မခံနိုင်ပါ။ ဘီဘီစီ၏ နေ့စဉ်သတင်းလွှာကို မပြသပဲ ထားခြင်းကို ယခုနှစ် မတ်လက စတင်ကြုံခဲ့ရပြီး ဤကဲ့သို့ ဖြုတ်ချန်ထားခြင်းသည် နှစ်ဖက်ကြား ထားရှိခဲ့သည့် သဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း MNTV ကို သတိပေးခဲ့ပါသည်။

သို့ရာတွင် ယင်းသို့ ချိုးဖောက်မှုကို ဆက်လက်ပြုလုပ်နေသဖြင့် ဘီဘီစီ အနေနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ချက်ချင်းရပ်ဆိုင်းရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ပါ။

ဘီဘီစီ မြန်မာပိုင်း ရုပ်သံအစီအစဉ်ကို နှစ်ခြိုက်စွာအားပေး ကြည့်ရှုနေသည့် ပရိသတ်များအတွက် စိတ်အနှောက်အယှက်ဖြစ်သွားရခြင်းကို ဘီဘီစီက စိတ်မကောင်းပါ။ သို့သော် ပရိသတ်များ အတွက် ဘီဘီစီမြန်မာပိုင်း၏ နေ့စဉ်ရုပ်သံအစီအစဉ်ကို ဘီဘီစီမြန်မာပိုင်းအစီအစဉ် ဝက်ဆိုက်၊ ဘီဘီစီမြန်မာပိုင်း၏ ဖေ့စ်ဘွတ်စာမျက်နှာနှင့် ဘီဘီစီမြန်မာပိုင်း ယူကျူချန်နယ် တို့တွင် ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ နေ့စဉ်ရေဒီယိုအစီအစဉ်တွေ၊ ဆိုရှယ်မီဒီယာပေါ်က တင်ဆက်မှုတွေကိုလည်း ပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။"

ဘီဘီစီနေ့စဉ် ရုပ်သံအစီအစဉ်ကို MNTV မှ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင် ထုတ်လွှင့်ခဲ့ပြီး နေ့စဉ် ကြည့်ရှုသူ ပရိသတ် ၃.၇ သန်း ရှိပါသည်။