လူမဲ့ကျွန်းလေးပေါ် ဘယ်စုံတွဲ သွားနေချင်လဲ
ရေးသားခဲ့သည်။
ပြင်သစ်က လူတွေ အနေနဲ့ လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် သွားနေချင်တယ်ဆိုရင် အခုချိန်က အခွင့်အရေး တစ်ခုပါ။
ဘရစ်တန်းနီး ကမ်းရိုးတန်းက ကီမီးနဲ ကျွန်းငယ်လေးမှာ နေထိုင်ချင်တဲ့ စုံတွဲရှိရင် သွားနေကြဖို့ ပြင်သစ်အစိုးရက ကြေညာ ထားပါတယ်။
အဲဒီမှာ စိုက်ပျိုးမွေးမြူရေး ခြံလေးတစ်ခုလည်း အဆင်သင့် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းကလည်း ဒီလို ကြေညာခဲ့လို့ အတွဲတစ်တွဲ သွားနေခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီအတွဲက ကလေးတွေနဲ့အတူ ဒီကျွန်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဒီကျွန်းပေါ်မှာ သူတို့ ဘယ်လို နေခဲ့ပါသလဲ …. ကြည့်ရအောင်ပါ။