ရွှေပေးသွင်းဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို အရေးယူမယ်

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ အရာရှိများ (Photo Credit : Forest Department facebook)
ဓာတ်ပုံ ပုံစာ, သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဌာနမှာ အရာရှိများ (Photo Credit : Forest Department facebook)
ရေးသားခဲ့သည်။

ပဋိညာဉ်သဘောတူညီချက်ပါသတ်မှတ်ချက်နဲ့ အညီ အစိုးရကို ရွှေပေးသွင်းဖို့ပျက်ကွက်တဲ့ ရွှေတူးဖော်ရေး ကုမ္ပဏီ ၁၀၀ ကျော်ကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲဆိုတော့မယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ရွှေကြွေးကျန်ပေးသွင်းဖို့ ကျန်နေတဲ့ ကုမ္ပဏီပေါင်း ၁၈၆ ခုဟာ စုစုပေါင်း ရွှေပိဿာချိန် ၁၄၀ ကျော်ပေးသွင်းဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

အလုပ်သမားပြဿနာတက်ခဲ့တဲ့ မိုးထိမိုးမိရွှေကွက်ကိုလုပ်ကိုင်သူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေပိဿာ ၅၀ ကျော်ပေးသွင်းဖို့ ရှိနေပြီး သူတို့ကို ရွှေကြွေးကျန်ပေးသွင်းဖို့ သက်တမ်း ၈ နှစ်အထိဆိုင်းငံ့ပေးထားပြီးလည်း ဖြစ်ပါတယ်။

တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ ရွှေမိုးယံကုမ္ပဏီနဲ့ အာရှကမ္ဘာမြေစက်မှုနဲ့ သတ္တုတူးဖော်ရေးကုမ္ပဏီတွေလည်း ပါဝင်ကြပါတယ်။

ရွှေကြွေးကျန်ပေးသွင်းဖို့ကျန်တဲ့ ကုမ္ပဏီ ၁၈၆ ခုအနက် လုပ်ငန်းအကောင်အထည် မဖော်နိုင်တဲ့ ကုမ္ပဏီ ၄၆ ခုကိုသာကင်းလွတ်ခွင့်ပြုပြီး ကျန်တဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။