ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ကြီး ပျံလွန်ပြီ

bur
ရေးသားခဲ့သည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော် ဦးပညာဝံသဟာ သက်တော် ၉ဝ မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မြို့က ဆေးရုံမှာ နိုဝင်ဘာလ ၂၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ် အချိန်က ကျောက်ကပ် ရောဂါနဲ့ ပျံလွန်တော်မူတာ ဖြစ်ပါတယ်။

ဆရာတော်ဟာ ဝါးခယ်မမြို့မှာ ဖွားမြင်ခဲ့ပြီး ဓမ္မာ စရိယ အောင်မြင် ပြီးနောက် ကိုကိုးကျွန်းမှာ သာသနာ စပြုခဲ့ပါတယ်။

အဲဒီနောက် သီရိလင်္ကာ၊ ကပ္ပလီ ကျွန်း၊ မဒရပ် စတဲ့ ဒေသတွေမှာ သာသနာပြုခဲ့ပါတယ်။

bur
ဓာတ်ပုံ ပုံစာ, ပီနန်က နှစ်ရာကျော် မြန်မာ ကျောင်းတော်ကြီး

ပီနန်ကြွ

၁၉၇ဝ မှာ ပီနန်က ဓမ္မိကာရာမ ကျောင်းကြီးကို ဆက်ခံ သာသနာပြုဖို့ မြန်မာ အစိုးရရဲ့ စေလွှတ်ချက် အရ ကြွရောက် သီတင်းသုံးခဲ့တာ ပျံတော်မူချိန် အထိ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ လော့စ်ဆန်းဂျလိစ် မြို့မှာလည်း မြန်မာ ဗုဒ္ဓဘာသာကျောင်း တည်ထောင်ခဲ့သလို ရန်ကုန်မှာလည်း မဟာသန္တိသုခ ကျောင်းကို တည်ထောင်ခဲ့ပါတယ်။

ပီနန်၊ စင်္ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်၊ နယူးယော့၊ တိုရန်တို၊ ဗန်ကူးဗား(ကနေဒါ)၊ တိုင်ဝမ် အစရှိတဲ့ နေရာတွေက မြန်မာကျောင်း ၂၂ ကျောင်းကိုလည်း တည်ထောင် အုပ်ချုပ်ခဲ့ပါတယ်။

၂ဝဝ၇ သံဃာ့အရေးအခင်းအတွင်း ပီနန်ကနေ သာသနာ့ ဦးသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အန္တိမဈာပနကို ဒီဇင်ဘာ ၃ ရက်မှာ ကျင်းပဖို့ ရှိပါတယ်။