မြန်မာ့အရေး ကနေဒါ အလေးပေး

ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့လူ့အခွင့်အရေး တိုးတက်ရေး အတွက်၊ ကနေဒါ မိတ်ဆွေများ အသင်းက ကြီးမှုးပြီး၊ ၂၄ နာရီ ကြာ နေအိမ်မှာ အကျဉ်းကျ ခံကြတဲ့ ပုံစံ ကို ပြုလုပ်ခဲ့ ကြပါတယ်။
ဒီနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ခံစား ဖြတ်သန်းနေရတာ ကို မီးမောင်းထိုးပြကြတါပါ။
ဒါကို ကနေဒါ အစိုးရ အနေနဲ့ ရော မြန်မာ့အရေး အပေါ်မှာ ပိုမို စိတ်ဝင်စားစွာ နဲ့ အရေးယူ ဆောင်ရွက်မှု ပြုပါ့မလား ဆိုတော့ လွှတ်တော်အမတ် အိုင်ရင်းမက်သဆင် က၊ ကနေဒါဟာ လာမယ့် ဆောင်းဦးကာလ မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ အလှည့်ကျ အဖွဲ့ဝင် တာဝန်ယူရမှာ မို့၊ ပိုမို တွန်းအားပေး ဆောင်ရွက်ရေး ကို စည်းရုံးမယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
ကနေဒါ အနေနဲ့ လူ့အခွင့်အရေး ကိစ္စရပ်ကို အလေးပေး မယ့် အကြောင်းလဲ အိုင်ရင်းမက်သဆင် က ရှင်းပြသွားပါတယ်။

















