နော်ဝေဝန်ကြီး မြန်မာနိုင်ငံ ရောက်နေ

နော်ဝေးက နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး Erik Solheim ဟာ မြန်မာနိုင်ငံ ရောက်နေစဉ် အတွင်း၊ အကူအညီပေးရေး ကိစ္စ တွေအပြင်၊ အာဏာပိုင်တွေ၊ တခြားအဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဖို့ ရှိကြောင်း၊ နော်ဝေး ဝန်ကြီးဌာန က ဘီဘီစီ ကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ မသွားခင် မီဒီယာတွေကို ပြောကြားတဲ့ အထဲမှာ မြန်မာ့အရေးမှာ sanctions လို့ခေါ်တဲ့ ပိတ်ဆို့ အရေးယူမှု တစ်ခုတည်းနဲ့ အလုပ်မဖြစ်နိုင် တော့ဘူး၊ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
ဒီခရီးစဉ်ကနေ နော်ဝေးဝန်ကြီး မျှော်လင့်သလို တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင် မလား၊ မြန်မာ့ အတိုက်အခံတွေ ဘက်က သဘောထားက ဘယ်လိုရှိလဲဆိုတာ နော်ဝေးနိုင်ငံမှာနေတဲ့ NLD ခရမ်းမြို့နယ် လွတ်တော်အမတ် ဦးကျော်သွင်ကို မေးကြည့်တော့ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးဟာ ဖိအား ပိုမို ပေးနိုင်ဖို့ လိုတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။
Mr. Solheim ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်တာဖြစ်ပြီး နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီးနောက်ပိုင်းမှာလည်း တစ်ကြိမ်လာ ရောက်ခဲ့ ပါတယ်။
နော်ဝေးနိုင်ငံဟာ နှစ်နှစ်အတွင်း မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၅၀ လောက် လူသားချင်း စာနာမှု အကူအညီ ပေးခဲ့တဲ့ အပြင် နော်ဝေးဟာ မြန်မာ့ ဒီမိုကရေစီရေးမှာ ငွေကြေးအရပါ ပွင့်ပွင့်လင်းလင်း အားပေး အကူညီဆုံး နိုင်ငံတွေ ထဲမှာလည်း ပါဝင်ပါတယ်။
















