နိုင်ငံရေးပါတီ မှတ်ပုံတင်ရက် ကုန်ဆုံး

_vote
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ အတွက် ပါတီ တွေအသင့်ပြင်
ရေးသားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားတဲ့ ၃၂ ပါတီ အနက် ၂၉ ပါတီ

ကို မှတ်ပုံတင်ခွင့်ပြု လိုက်ပါပြီ။ ဒီပါတီတွေအနေနဲ့ ပါတီစည်းရုံးရေး၊ မဲဆွယ်ခွင့် စတာတွေကို ရွေးကောက်ပွဲကော်မရှင် ကို အကြောင်းကြားထားကြောင်း၊ ပြည်ထောင်စုဒီမိုကရေစီပါတီ ဉက္ကဋ္ဌ ဦးဖြိုးမင်းသိန်း က ဘီဘီစီ ကို ပြောပြပါတယ်။

လူထုရဲ့ စိတ်ဝင်စားမှု အနေနဲ့ ပြောရရင်၊စစ်အစိုးရ အောက်မှာ မနေလိုပေမဲ့၊ အကြောက်တရားကြောင့်၊ နိုင်ငံရေးကို စိတ်ဝင်စားဖို့ အားနည်းနေကြောင်း ဦးဖြိုးမင်းသိန်း က ရှင်းပြပါတယ်။

ပါတီတည်ထောင်ခွင့် ရပြီးသား ပါတီ တွေဟာ၊ တနိုင်ငံ လုံးမှာဝင်ပြိုင်မယ် ဆိုရင် ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင် တထောင်ပြည့် ဖို့ လိုပါသေးတယ်။ ဒါပေမဲ့ အခုအထိ ရွေးကောက်ပွဲ ကျင်းပမဲ့ ရက် မကြေငြာသေးပါဘူး။