တပ်တွင်း အမိန့် မနာခံမှုတွေ ဖြစ်နေ
မြန်မာ စစ်တပ် အတွင်းမှာ အောက်ခြေ တပ်သားတွေက သူတို့ ရတဲ့ လစာနဲ့ မိသားစု စားဝတ်နေရေး မပြေလည်တဲ့ အတွက် အခက် အခဲတွေ ရှိနေတယ်လို့ ရန်ကုန်ကို ခွင့်နဲ့ ပြန်လာတဲ့ တပ်ကြပ်ကြီး တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ထိုင်း မြန်မာ နယ်စပ် မြဝတီ ကားလမ်းတ လျှောက် မှာ လုံခြုံရေး တာဝန် ထမ်းဆောင် ကြရတဲ့ ခြေမြန် တပ်ရင်း တစ်ခု ဖြစ်တဲ့ ၃၅၅ တပ်ရင်း က အဲဒီ တပ်ကြပ် ကြီးက အရင် တုန်းက ဆိုရင် တပ်သားတွေ ဝင်ငွေ လစာ မလောက်ပေမဲ့ အပိုဝင်ငွေ ရအောင်ရှာနိုင်တဲ့ ရပေါက် ရလမ်းတွေ တော့ ရှိတယ်လို့ ပြောပါ တယ်။ အခုတော့ ဂိတ်ကြေး ကောက်ခံတာမျိုးလို အပိုဝင်ငွေ ရှာနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို DKBA ကရင် ဗုဒ္ဓဘာသာ အဖွဲ့ပဲ ရရှိလို့ တပ်သား တွေ လုပ်ပိုင်ခွင့် အခွင့် အလမ်း ဆုံးရှုံးနေတယ်လို့ လည်း သူက ပြောပါတယ်။
အခက်အခဲတွေကို အထက် အရာရှိတွေဆီ တင်ပြခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ တပ်ထဲက အကြပ် စစ်သည်တွေနဲ့ ရဲဘော်တွေ အမိန့် မနာခံမှု ဖြစ်နေပြီလို့ အမည်မဖော်လိုတဲ့ အဲဒီ တပ်ကြပ်ကြီးက ပြောပါတယ်။ သူ့တပ်ရင်း တစ်ခုထဲမှာ တင် ဒီလို ဖြစ်နေတာ မဟုတ်ပဲ တပ်ရင်း ၃၅၆နဲ့ ၃၅၇ တို့မှာလည်း အလားတူ မကျေနပ်မှု တွေဖြစ်နေတယ်လို့ သူက ပြော ပါတယ်။
အခုတော့ ကင်းစောင့်ခိုင်းတာကို မစောင့်ပဲ နေတာမျိုးလို အမိန့်အတိုင်း လိုက်နာ ဆောင် ရွက်ခြင်း မရှိရုံသာ ဖြစ်နေပေမဲ့ တပ်သားတွေရဲ့ စားဝတ်နေရေး ဖူလုံအောင် တစုံတရာ ဖြေရှင်းမှု မရှိပဲ ဒီအတိုင်း ဆက်ထားမယ်ဆိုရင်တော့ ကြာရင် ဒီ့ထက်ပို တဲ့ မကျေနပ်မှုတွေ ဖြစ်လာပြီး ဆူပူမှုတွေ အာဏာဖီဆန်မှုတွေ ပိုဖြစ်လာ နိုင်တယ်လို့ အဲဒီ တပ်ကြပ်ကြီး က ဘီဘီစီကို ပြောပါတယ်။

















