ကုန်စျေးနှုံး ကြီးမြင့်မှု ပြသနာ လူထုဆီကအဓိကကြား

ရေးသားခဲ့သည်။
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်က လွတ်လာပြီး တလကျော် ကာလအတွင်း လူထုဟာ ကုန်စျေးနှုံး ကြီးမြင့်တဲ့ ပြသနာနဲ့ လုံးပမ်းနေကြရတယ်ဆိုတဲ့ အသံတွေကို ပြည်သူလူထုဆီက အဓိက ကြားခဲ့ရတယ်လို့ ဘီဘီစီနဲ့ မေးမြန်းရာမှာ ပြောပြခဲ့ပါတယ်။
ဒါအပြင် ပညာရေးနဲ့ ကျန်းမာရေးဘက်မှာလည်း ကျေနပ်မှု မရှိကြတာကို ကြားရတယ်လို့ ဆိုပါတယ်။
ဒီကာလအတွင်း လူထုဆီက စာနဲ့လည်း သိချင်တာကို မေးမြန်ခဲ့ကြတာတွေရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေအိမ် အကျယ်ချုပ်က လွတ်လာခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ မီဒီယာတွေနဲ့ မေးမြန်းဖြေကြားမှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။
ဒီလို လုပ်ခဲ့ရာမှာ ကမ္ဘာကြီးက မြန်မာအရေးကို ပို စိတ်ဝင်စားလာကြတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရေးမှာ လက်တွေ့ကျကျ အကူအညီပေးဖို့ စိတ်ဝင်တစား မေးမြန်းလာကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

















