ရိုဟင်ဂျာ ၄၀၀ ကျော်ကို ထိုင်းကဖမ်းဆီးထား
ထိုင်း ပင်လယ်ပြင် ကို လှေနဲ့ ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ တွေကို ထိုင်း နိုင်ငံက ခရိုင် ၃ ခုဖြစ်တဲ့ ထရန်ခရိုင်မှာ ၂၀၀၊ ရနောင်းခရိုင်မှာ ၁၆၀ နဲ့ စထုံ ခရိုင်မှာ ၆၇ ဦး စုစုပေါင်း ၄၀၀ ကျော်ကို ထိုင်း အာဏာပိုင် တွေက ဖမ်းဆီးလိုက် ပါတယ်။

ဇန္နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ တို့မှာ ရိုဟင်ဂျာ ၆၀ က ထိုင်းနိုင်ငံ ရနောင်း ရေပိုင်နက်ထဲ စတင် ဝင်ရောက် လာခဲ့တယ်လို့ ရနောင်း ခရိုင် လုံခြုံရေးတပ် အရာရှိ တစ်ဦးက ပြောပါတယ်။
အခု ရိုဟင်ဂျာ ၁၆၀ ကို ကော်ဆိုင်ရန်ကျွန်း ပေါ်မှာ ထိန်းသိမ်း ထားတယ်လို့လည်း အဲဒီ အရာရှိကပဲ ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံ ရခိုင် ပြည်နယ် ဘက်ကနေ လှေကြီးလှေငယ် ၁၀ စီးနဲ့ ထွက်လာခဲ့ကြ တာပါ။
ဖမ်းမိ ထားတဲ့ ရိုဟင်ဂျာ တွေကို သက်ဆိုင်ရာက ဘာဆက်လုပ်မယ် ဆိုတာ ကိုတော့ မသိရသေးပါဘူး။
လွန်ခဲ့တဲ့ ၂ နှစ်ကျော်က လည်း ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ဝင်လာတဲ့ ရိုဟင်ဂျာတွေကို ပင်လယ်ပြင်ထဲ ပြန်မောင်း ထုတ်ခဲ့တဲ့ အတွက် သေဆုံး မှုတွေ ရှိလို့ ထိုင်း အစိုးရကို နိုင်ငံ တကာက ပစ်တင် ဝေဖန်တာ ခဲ့ကြ ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ ရိုဟင်ဂျာ ၄၀ လောက် ဟာလည်း အခု ချိန်ထိ ပြန် လွတ်မလာ သေးပါဘူး။
ဒီလို အခြေအနေ တွေ ရှိနေပေမဲ့ မြန်မာ နိုင်ငံ အတွင်း စားဝတ် နေရေး အခြေ အနေ မကောင်းတဲ့ အတွက် ထိုင်းနိုင်ငံထဲ ကို ရိုဟင်ဂျာတွေ နောက်ထပ် ဝင်ရောက် လာနိုင် စရာ ရှိနေ သလို ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ တွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရ မလဲ ဆိုတာကိုလည်း ထိုင်းအစိုးရက ဆုံးဖြတ်လို့ မရ ဖြစ်နေ ပါတယ်။

















