တာလီဘန် နဲ့ မသင်္ကာဖွယ် ဆက်သူဖမ်း

taliban
ဓာတ်ပုံ ပုံစာ, တာလီဘန် နဲ့ မသင်္ကာဖွယ် ဆက်သွယ်သူ ဖမ်း
ရေးသားခဲ့သည်။

မောင်တောမြို့နယ် တွင်းမှာ တာလီဘန် အဖွဲ့ဝင် တွေနဲ့ ဆက်သွယ်သူ အဖြစ် သင်္ကာ မကင်းသူ အစ္စလမ် ဘာသာဝင် မွတ်စလင် ဦးရေ ရှစ်ဆယ် နီးပါးကို နစက နယ်စပ်လုံခြုံရေးနဲ့ ကွပ်ကဲရေး အဖွဲ့က ဖမ်းဆီးစစ်ဆေး နေပါတယ်။

ပြီးခဲ့တဲ့ လေးရက်ခန့် က ကွမ်းသီးပင် ကျေးရွာ မှာ မွတ်စလင် တဦးကို အစ္စလာမ်မစ် တာလီဘန် အဖွဲ့ ဆိုတဲ့ ရုံးသုံးတံဆိပ် တွေ စာရွက်စာတန်း တွေနဲ့ ဖမ်းဆီးရမိတဲ့ နောက်ပိုင်းမှာ အခုလို တသီတသန်း ဖမ်းလိုက်တာပါ။

မောင်တောမြို့နယ် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကိုယ်တိုင် နယ်ဆင်းပြီး အောင်သပြေ၊ ကွမ်းသီးပင်၊ ခမောင်းဆိပ် နဲ့ အနီးရှိ ကျေးရွာ တွေက မသင်္ကာသူ တွေကို ဖမ်းတဲ့ အကြောင်း၊ နစက နဲ့ နီးစပ်သူတွေ က ဘီဘီစီ ကို ပြောပြတါပါ။

လာမဲ့ရက် အတွင်းမှာ အနောက်ပိုင်းတိုင်း၊ တိုင်းမှူး ကိုယ်တိုင်၊ ဒီကိစ္စ လာရောက် စုံစမ်းမဲ့ အကြောင်း၊ သတင်းထွက်နေပုံ လဲ ကြားရပါတယ်။