အာဖဂန်ပစ်ခတ်မှု လူ၈ယောက်သေ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ရေးသားခဲ့သည်။
အာဖဂန်နိုင်ငံ ကာဘူးလ်လေဆိပ်မှာ အာဖဂန်စစ်လေယာဉ်မှူးက အငြင်းပွားရာကနေ သေနတ်နဲ့ပစ်ခတ်လို့ အပြည်ပြည်ဆိုင်ရာဝန်ထမ်းနဲ့ ကန်ထရိုက်တယောက်အပါအဝင် စုစုပေါင်း ဂယောက်သေဆုံးတယ်လို့ နေတိုးတပ်ဖွဲ့မှ ထုတ်ဖေါ်ပြောကြားပါတယ်။
အခုပစ်ခတ်မှုဟာ အာဖဂန်စစ်ဖက် လေယာဉ်ကွင်းမှာဖြစ်တာပါ။ အပြန်အလှန်ပစ်ခတ်မှုတွေအတွင်းသေနတ်သမားလည်းသေဆုံးသွားပါတယ်။
တာလီဘန်တွေပစ်မှတ်ထားလေ့ရှိတဲ့ အစိုးရအဆောက်အဦးအပါအဝင် စစ်ဘက်ဆိုင်ရာစခန်းတွေမှာ ပစ်ခတ်မှုတွေအနက် ဒါဟာနောက်ဆုံးဖြစ်ရပ်တခုဖြစ်ပါတယ်။
တချို့ဖြစ်ရပ်တွေမှာတာလီဘန်တွေကိုယ်တိုင်က စစ်သားအဖြစ် အယောင်ဆောင်ပြီးဝင်ရောက် တိုက်ခိုက်မှုတွေလည်းရှိပါတယ်။

















