မဂ္ဂင်ကျောင်းကို ထပ်မံ ချိပ်ပိတ်

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတုန်းက ချိတ်ပိတ် ခံခဲ့ရတဲ့ မဂ္ဂင် ကျောင်းကို ပြီးခဲ့တဲ့ လက ထောင်ကနေ ပြန်လွတ် လာခဲ့ကြတဲ့ သံဃာတော်တွေက ပြန်ဖွင့်ခဲ့ပေမဲ့ သာသနာရေး ဦးစီးဌာနရဲ့ အမိန့်အရ စနေနေ့မှာတော့ တိုင်းသာသနာရေး ဦးစီမှူးကိုယ်တိုင် လာရောက်ပြီး ဒုတိယအကြိမ် ချိပ်ပိတ်လိုက်ပါတယ်။
ဒီအတွက်ကြောင့် ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ အပါအဝင် သီတင်းသုံးနေတဲ့ သံဃာ ၁၀ ပါး ကျောင်းတိုက်ကနေ ထွက်ခွာ သွားခဲ့ရ ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ်မှာရှိတဲ့ ဒီမဂ္ဂင်ကျောင်းတိုက်ကို ၂ ပတ်အတွင်း ပြန်ဖွင့်ပေးမယ်ဆိုတဲ့ တိုင်းသာသနာရေးနဲ့ သံဃာ့နာယက ဆရာတော်တွေရဲ့ စကားကို ယုံကြည်တဲ့အကြောင်း မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက က ဘီဘီစီကို မိန့်ပါတယ်။
ဆရာတော်တို့ဟာ ထောင်ကပြန်လွတ်လာတုန်းက ရပ်ကွက်အာဏပိုင်တွေကိုခွင့်တောင်း သတင်းသုံး နေထိုင်တာဖြစ်ပေမဲ့ တိုင်းသာသနာရေးဌာနက ချိပ်ပိတ်တာကို ဝင်နေတဲ့ အတွက် ပြန်ချိပ်ပိတ် တာလို့ဆိုပါတယ်။
ခုလို ချိပ်ပိတ်ခံရတာနဲ့ ပါတ်သက်ပြီး ရွေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် ဦးဂန္ဘီရနဲ့ တချို့သံဃာတွေ၊ ဒေသခံ တကာ တကာမတွေကတော့ ကျေနပ်ပုံ မရဘူးလို့ သိရပါတယ်။

















