မြန်မာ့ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး

rangoon_burma
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ရှိ သမိုင်းဝင် အဆောက်အဉီးများ
ရေးသားခဲ့သည်။

ရန်ကုန်မြို့မှာ ရှေးဟောင်းအမွေအနှစ် အဖြစ်ရမယ့် အဆောက်အဦအဖြစ် လောလောဆယ် အဆောက်အဦ ၁၈၉ ခုကို သတ်မှတ်ထားပြီး ဒါတွေကို မကြာခင်က ဖွဲ့စည်းခဲ့တဲ့ ဒေါက်တာ သန့်မြင့်ဦး ဦးဆောင်တဲ့ Yangon Heritage Trust ရဲ့ ဦးဆောင်မှုနဲ့ ထိန်းသိမ်းသွားဖို့ စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် မြို့က နိုင်ငံခြားသတင်းစာဆရာများအသင်းမှာ မနေ့က ပြုခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ရှေးကာလ အတိတ်ကို ဖေါ်ပြတဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦး ၃၀ ဆိုတဲ့ စာအုပ်စတင်ဖြန့်ချီတာနဲ့ ဓါတ်ပုံပြပွဲ ၊ ဗိသုကာဆိုင်ရာဆွေးနွေးပွဲအတွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီ စာအုပ်ကို Serinda စာအုပ်တိုက်နဲ့ မြန်မာဗိသုကာအသင်းတို့ ပူးတွဲပြုစု ဖြန့်ဝေခဲ့တာပါ။ ၂ဝဝ၁ ခု နှစ်က မြန်မာတိုင်းမ်း ဂျာနယ် ရဲ့ တောင်းဆိုမှု အပေါ် အခြေပြုကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးနဲ့ မြန်မာ ဗိသုကာအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မိုးမိုးလွင်၊ဟောင်ကောင် တက္ကသိုလ်က လက်ထောက် သမိုင်းပါမောက္ခ Dr Ian Morley စာရေးဆရာ Alfred Birnbaun တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်က ရှေးဟောင်းအဆောက်အဦ ထိန်သိမ်းရေးနဲ့ပတ်သက်လို့ မြန်မာဗိသုကာအသင်းက အထွေထွေ အတွင်းရေးမှူး ဒေါ်မိုးမိုးလွင် က ရန်ကုန်က ရှေးဟောင်းအဆောက်အဦ ၁၈၉ ခုကို ဘယ်လို စံတွေနဲ့ သတ်မှတ်ပုံ ကိုရှင်းပြရာမှာ ရှေးဟောင်း ပိသုကာ လက်ရာ အစစ်ဖြစ်ရမယ်၊ စစ်မဖြစ်မီ က လက်ရာဖြစ်ရမယ်၊ အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်း တခုခု က ပိုင်ဆိုင်တာ ဖြစ်ရမယ် လို့ ရှင်းပြပါတယ်။