ကေအိုင်အိုနဲ့ အစိုးရ မြစ်ကြီးနားမှာ ဒီနေ့ ဆွေးနွေးမယ်

ကေအိုင်အိုနဲ့ အစိုးရကြား အရင်က ( ၇ )ကြိမ် ဆွေးနွေးခဲ့
ဓာတ်ပုံ ပုံစာ, ကေအိုင်အိုနဲ့ အစိုးရကြား အရင်က ( ၇ )ကြိမ် ဆွေးနွေးခဲ့
ရေးသားခဲ့သည်။

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနား မြို့မှာ ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် မြစ်ကြီးနားမြို့မှာ ဆွေးနွေးတာဖြစ်ပြီး ကေအိုင်အေနဲ့ အစိုးရကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်ပါတယ်။

ကေအိုင်အိုကိုယ်စား လှယ် အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်နဲ့ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ကဦးဆောင်ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာတော့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း၊ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ တို့ပါဝင်တယ်လို့ သိရပါတယ်။

မနေ့က ရောက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေကို မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ ၃ ရက်လောက်ကြာနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP)တို့အပါအဝင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ရှိနေပါတယ်။

ကုသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ဗီဂေျနမ်ဘီယားလည်း တက်ရောက်မယ်လို့ သိရပါတယ်။