Vodafone and China Mobile မြန်မာက နုတ်ထွက်

မြန်မာ နိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ရေး လုပ်ငန်း မှာ ဝန်ဆောင်မှု ပေးမယ့် ကုမ္ပဏီတွေ လုပ်ကိုင်ခွင့် ရဖို့ လျှောက်ထားခဲ့ ကြတဲ့ အထဲ က နောက်ဆုံး ဆန်ခါတင် အရွေး ခံထား ရတဲ့ Vodofone and China Mobile ကုမ္ပဏီကြီး နုတ်ထွက် သွားပြီ ဖြစ်ပါတယ်။
မူလ တင်ဒါ ခေါ်စဉ် တုန်းကတော့ အသေးစိတ်တွေ မပါ ပေမယ့် ဆန်ခါ တင်တွေ အတွက် မေလ ၁၃ ရက် နေ့မှာ ထုတ်တဲ့ အသေးစိတ် တောင်းဆိုချက် တွေကို လေ့လာပြီး ကုမ္ပဏီရဲ့ ဌာနတွင်း မူဝါဒ တွေနဲ့ စိစစ် တိုက်ဆိုင် လိုက်တဲ့ အခါ မကိုက်ညီလို့ အခု ယှဉ်ပြိုင်မှု ကနေ ရုပ်သိမ်း ရတာလို့ ဆိုပါတယ်။
ဘယ်အချက် တွေနဲ့ ငြိစွန်းလို့ အခုလို မပါဝင် တာလည်း ဆိုတာ ကိုတော့ ကုမ္ပဏီက ပြောဖို့ ငြင်းပါတယ်။ ဒါပေမယ့် နောင်မှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရင်းနှီး မြှုပ်နှံဖို့ ကိုတော့ စိတ်ဝင်စား သေးတယ်လို့ ဆိုပါတယ်။
အစိုးရဘက်က တောင်းတဲ့ အချက်တွေ ထဲမှာ ဘယ်လို ဝန်ဆောင်မှုတွေ ပေးရမယ် ဘယ်အချိန် အပြီး ဆောင်ရွက် ရမယ် ဆိုတဲ့ အချက်တွေ ပါဝင် သလို ပထမ အဆင့် အနေနဲ့ လိုင်စင် ရပြီး ၁၂ လ အတွင်း ၂၅ ရာခိုင်နှုန်း ဝန်ဆောင်မှု ပေးဖို့ ၅ နှစ် အတွင်း ၇၅ ရာနှုန်း ပေးဖို့ ဆိုတာ တွေ ပါဝင်ပါတယ်။
Vodofone and China Mobile ထွက်သွား တဲ့ အတွက် နောက်ထပ် ယှဉ်ပြိုင်မယ့် သူထဲက ဘယ်သူ ရမယ် ဆိုတာ ရှေ့လ အတွင်း အဖြေ ထွက်နိုင် ပါတယ်။
















