ရှမ်းပါတီ ၂ပါတီ ပေါင်းဖို့ ဝေးနေနိုင်

ကျားဖြူပါတီ လို့အသိများကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ပါတီ နာမည်သစ် တခု ကို ပြောင်းပြီး အခြားပါတီတွေ ပေါင်းဖို့ မဖြစ်နိုင်ဘူး လို့ပြောပါတယ်။
ကျားဖြူပါတီ ရဲ့ နှစ်ပတ်လည်ညီလာခံ မူဆယ်မြို့မှာ ကျင်းပခဲ့ပြီး ကြာသပတေးနေ့က ပြီးဆုံးခဲ့ပါတယ်။
ညီလာခံမှာ ဆွေးနွေးကြတဲ့ ခေါင်းစဉ်တွေ အထဲ ကျားဖြူပါတီ နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့တပါတီ အဖြစ်ပေါင်းစည်း ကြဖို့ ကိစ္စ လည်းပါဝင်ပြီး ကိုယ်စားလှယ်အများစု က ကျားဖြူပါတီ ကို ဖျက်ပြီး နာမည်အသစ် တခုနဲ့ ပါတီ ပေါင်းဖို့ မဖြစ်နိုင်ဘူး လို့ သဘောထား ပေးကြပါတယ်။
SNLD က သူတို့ပါတီ ကို ဖျက်ပြီး သူတို့ဆီ လာပေါင်းတော့မှ သာ ဖြစ်နိုင်တော့မှာမို့ ဟိုဘက်ကလာ ပေါင်းဖို့အရေး က သိတ်မသေချာ နိုင်လို့ ကျားဖြူပါတီ ဒုတိယ ဥက္ကဌ စိုင်းဆောင်ဆီ က ပြောပါတယ်။
ကျားဖြူပါတီ နဲ့ SNLD အကြား ပြည်ထောင်စု ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ စုဖွဲ့မှာလား၊ ပြည်နယ် ၈ ခုနဲ့ စုဖွဲ့မှာလား ဆိုတဲ့ အပေါ်မှာလည်း သဘောတူနိုင်ခြင်းမရှိပါဘူး။

















