မိုးထိ မိုးမိ သပိတ် စခန်း ပိတ်ခိုင်းနေ

moehti
ဓာတ်ပုံ ပုံစာ, တောင်ပေါ် သပိတ် စခန်း ပိတ်ဆို့ ခံခဲ့ရ
ရေးသားခဲ့သည်။

ရက်လေးဆယ်ကျော် ကြာ သပိတ်စခန်း ဖွင့်ပြီး ဆန္ဒပြနေတဲ့ ရမည်းသင်း မိုးထိမိုးမိတောင်ပေါ် ရွှေတွင်း လုပ်ကွက်က ရွှေတွင်း လုပ်သားတွေရဲ့ တောင်းဆိုမှု တွေမရဘဲ ဖမ်းဆီး စွဲဆို ခံနေရ ပါတယ်။

ရမည်းသင်း ရွှေမြင်တင်ဘုရား က သပိတ်စခန်း ရုပ်သိမ်းဖို့ ဆိုင်ရာက အမိန့်ပေး ထားကြောင်းလည်း ဆန္ဒပြ ရွှေတွင်းလုပ်သား တွေက ပြောပါတယ်။

ဒီလုပ်ကွက်ကို လုပ်ကိုင်ခွင့် ရထားတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီက အသေးစား လုပ်ကိုင်ခွင့် တွေကို ပြီးခဲ့တဲ့ ၂ဝ၁၂ ဇန်နဝါရီက ရပ်နား လိုက်တဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ရတယ် ဆိုပြီး အဲ့ဒီအချိန် ကတည်းက ဆက်တိုက် ဆန္ဒပြ တောင်းဆို ခဲ့ကြတာပါ။

အသေးစား လုပ်ငန်းရှင်တွေ အနေနဲ့ ကုမ္ပဏီ စီမံချက် အတိုင်း အကြီးစား လုပ်ငန်း ပြောင်းလုပ်ဖို့၊ ဒါမှမဟုတ် ကုမ္ပဏီ သတ်မှတ် ထားတဲ့ တခြား နေရာမှာ လုပ်ဖို့၊ အဲ့ဒီလိုမှ မလုပ်နိုင်ရင် ခရီးစရိတ် တယောက် တသိန်းစီ ယူပြီး နေရပ်ပြန်ဖို့၊ ဒါကိုမှ မကျေနပ်ရင် ဥပဒေကြောင်း အရ ရင်ဆိုင်နိုင်တယ်လို့ ဆန္ဒပြသူ တွေကို အကြောင်း ပြန်ထား ကြောင်း ကုမ္ပဏီ ဘက်က ဘီဘီစီကို ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ဥပဒေကြောင်း အရ မစွဲဆို နိုင်ဘူး လို့ သိရပါတယ်။

၂၀၁၃ ဒီဇင်ဘာ ၉ ရက် ကစပြီး ရမည်းသင်း မြို့ကို ရွှေလုပ်သားတွေ ချီတက် ဆန္ဒပြကြ တဲ့အတွက် အလုပ်သမား ကိုအောင်ဆန်းလင်းနဲ့ မအိမွန်ကျော် ကို ပုဒ်မ ၄ ခုနဲ့ တရားစွဲ ထားသလို ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ သူတို့ကို ကူညီနေတဲ့ ကိုရာဇာနဲ့ ကိုအောင်ဆန်းလင်း ကို မြို့နယ် ရဲမှူးက ဖမ်းဆီးပြီး ရမည်းသင်း ထောင်ကို ပို့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အစပိုင်းက ကုမ္ပဏီကို ဆန္ဒပြသူ ထောင်ချီ ရှိခဲ့ပေမယ့် တချို့က ကုမ္ပဏီ ပြောတဲ့ အတိုင်း အကြီးစား လုပ်ငန်း လုပ်ဖို့ ပြောင်းသွား ကြပြီး တချို့ ကလည်း ဆန္ဒပြတာ ရက်ရှည် လာတဲ့အတွက် ဆက်မပါ တော့တာကြောင့် လက်ရှိ သပိတ် စခန်းမှာ ဆန္ဒပြသူ ၅၄ ယောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။