လော်ခီးလာမှာ ကရင်ထု ညီညွတ်ရေး ဆွေးနွေးကြ

_lawkheela_conference2
ဓာတ်ပုံ ပုံစာ, လော်ခီးလာ ကရင် ညီညွတ်ရေး ညီလာခံ
ရေးသားခဲ့သည်။

KNU တပ်မဟာ ၇ ထိန်းချူပ်ရာ လော်ခီးလာ မှာ ကျင်းပခဲ့တဲ့၊ ၁၀ကြိမ်မြောက် ကရင် အမျိုးသားများ ညီညွတ်ရေး နှီးနှော ဖလှယ်ပွဲက နေ၊ ကရင် အမျိုးသားတွေအကြား ညီညွတ်ရေး တည်ဆောက်ဖို့ နဲ့၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက် ဖို့ သဘောတူခဲ့ ကြပါတယ်။

ဒီ ညီလာခံကနေ ကရင်လူထု တိုးတက်ရေး အတွက် ရေတိုရေရှည် စီမံကိန်းတွေ ချမှတ် နိုင်ခဲ့တယ်လို့ ဒီ နှီးနှော ဖလှယ်ပွဲကနေ ၂ နှစ်သက်တမ်း ရှိတဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခံထားရတဲ့ စောလှထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒီညီလာခံကို နိုင်ငံတကာနဲ့ ပြည်တွင်းက ကရင် အရေး ဆောင်ရွက် နေကြတဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေ အပါအဝင်၊ အဖွဲ့ပေါင်း ၆၁ဖွဲ့က ကိုယ်စားလှယ် ၂၁၆ ဦး တက်ရောက်ခဲ့ ပါတယ်။

ဒီလို တက်ရောက်လာတဲ့ အထဲမှာ အရင်က KNU က ခွဲထွက်ခဲ့ပြီး၊ စစ်ရေးအရ ပဋိပက္ခ ဖြစ်ခဲ့တဲ့ DKBA အဖွဲ့နဲ့ အစိုးရ မူဝါဒနဲ့ အညီ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ် BGFအသွင် ပြောင်းခဲ့ သူတွေလည်း ပါဝင်ခဲ့တဲ့ အတွက်၊ ကရင် အမျိုးသားထု အကြား ညီညွတ်ရေး တည်ဆောက်မှု အတွက် အခြေအနေ ကောင်းနေတယ်လို့ ယူဆစရာ ရှိပါတယ်။

ဒါပေမယ့်၊ KNU ခေါင်းဆောင်တွေ ကြားထဲမှာတော့၊ အပစ်ရပ်ရေး ဆွေးနွေးမှုကို အကြောင်းပြုပြီး၊ ကွဲပြားမှုတွေ ရှိနေတယ် ဆိုပြီး ဝေဖန်ချက်တွေလည်း ရှိနေပါတယ်။