ဖွဲ့စည်းပုံ ပြင်ရေး ၈၈ အဖွဲ့ ဟန့်တားခံရ

ဓာတ်ပုံ ရင်းမြစ်, 88 gen
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နယ်လှည့် ဟောပြော နေတဲ့ ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေ ဟားခါးမှာ ဟောပြောဖို့ စီစဉ် ထားတဲ့ နေရာကို ချင်း ပြည်နယ် အစိုးရ က အကြောင်း ပြချက် မပေးဘဲ ခွင့်ပြု မိန့် ပယ်ချ လိုက်ပါတယ်။
ပြည်နယ် ရဲတပ်ဖွဲ့က ခွင့်ပြု ခဲ့ပေမယ့် ပြည်နယ် အစိုးရက ကန့်ကွက် ပယ်ချ ခဲ့တာ ဖြစ်ကြောင်း ဟားခါးမှာ ရောက်နေတဲ့ ၈၈ အဖွဲ့ ခေါင်းဆောင် တယောက် ဖြစ်တဲ့ ကိုအောင်သူက ပြောပါတယ်။
ဖွဲ့စည်းပုံ ဟောပြောပွဲကို ချင်းခန်းမမှာ ကျင်းပဖို့ စီစဉ်ထားတာ အစား NLD ရုံးမှာ ပြောင်းလုပ်ဖို့ ပြင်ဆင် နေပါတယ်။
သမ္မတ နဲ့ နေပြည်တော်မှာ တွေ့ဆုံ ခဲ့စဉ်က ပြည်နယ် တိုင်း အစိုးရ တွေနဲ့ နိုင်ငံရေး အင်အားစုတွေ ပိုပြီး ပူးပေါင်း ဆောင်ရွက်လာအောင် ကူညီမယ်လို့ ဦး သိန်းစိန်က ၈၈ အဖွဲ့ ခေါင်းဆောင် တွေကို ပြောခဲ့ ပေမယ့် လက်တွေ့ ကွဲလွဲမှုတွေ ရှိနေ သေးတယ် လို့လဲ ဆိုပါတယ်။
ဒီလို စုဝေးခွင့် ပိတ်တာဟာ နိုင်ငံသား အခွင့်အရေးတွေ ချိုးဖောက်ရာ ကျနေတဲ့ အတွက် မဖြစ်စေချင်ဘဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး နိုင်ငံသား အားလုံး ပါဝင်ကြဖို့ ပြောကြား ခဲ့ပါတယ်။

















