အင်းဝ ဗားကရာ ကျောင်း ပြုပြင်ဖို့ လေ့လာ

ကုန်းဘောင်ခေတ် ဘကြီးတော်မင်း လက်ထက် က အင်းဝ ဗားကရာ ကျောင်းကြီး ကို ပြုပြင်ဖို့ ဂျပန် ဗိသုကာ ပညာရှင်တွေ လေ့လာပြီး မြန်မာ ပညာရှင် တွေကို အနီးကပ် သင်ကြားပေး နေပါတယ် ။
နှစ်ပေါင်း ၂ဝဝ က ကျွန်းတိုင်ကြီး ၂၇၆ တိုင်နဲ့ ဆောက်ခဲ့တဲ့ ဗားကရာ ကျောင်းကြီးကို ရေရှည် တည်တံ့ဖို့ ပြုပြင်ဖို့ လိုအပ် တာတွေကို ဂျပန် ပညာရှင် တွေနဲ့ ရှေးဟောင်း သုတေသန ဦးစီးဌာန တို့ ပေါင်းပြီး အသေးစိတ် လေ့လာ နေပါတယ် ။
ဗားကရာ ကျောင်း အပါအဝင် မြန်မာပြည်က သစ်သားနဲ့ ဆောက်တဲ့ ကျောင်းဆောင်တွေ ပြုပြင်ဖို့ ၂နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး အစီအစဉ်နဲ့ ၂ဝ၁ဝ ကတည်းက သဘောတူ ခဲ့တာ လို့လည်း ပြောပါတယ် ။
ဂျပန်ပညာရှင် တွေရဲ့ လေ့လာ တွေ့ရှိချက် တွေနဲ့ ပြင်ဆင်မယ့် နည်းနာ တွေကို လည်း မြန်မာ ပညာရှင် တွေကို ဗားကရာ ကျောင်း မှာပဲ လက်တွေ့ သင်တန်းပေးနေပါတယ်။
မြန်မာ ပညာရှင်တွေ ချည်း ဆိုရင် ပြည့်စုံတဲ့ နည်းပညာ မရှိသေးလို့ နိုင်ငံခြား ပညာရှင် တွေနဲ့ တွဲလုပ်ရတာ ရှေးဟောင်း အဆောက်အဦ တွေ ထပ်မပျက်စီးဖို့ ကာကွယ် နိုင်တယ်လို့ ရှေးဟောင်း သုတေသန ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လွင်မာဦး က ပြောပါတယ် ။
ဒီကျောင်းပြင်ဆင်ရေး လုပ်ငန်း စမယ့် အစီအစဉ် ကတော့ အချိန်အတိအကျ မပြောနိုင်သေးဘဲ အစိုးရ ချပေးတဲ့ ဘက်ဂျက် အပေါ် မူတည်တယ် လို့လည်း သိရပါတယ် ။

















