ဦးအံ့မောင် ကို စစ်ဆေးနေပြီ ဆို

သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဟောင်း ဦးအံ့မောင် ကို စသုံးလုံး ဘက်က စစ်ဆေးနေပြီ ဆိုတဲ့ သတင်းတွေ ထွက် လာပါတယ် ။
ဘယ်အမှုနဲ့ ဘယ် မှာ စစ်ဆေးနေ တယ် ဆိုတာ တော့ အသေးစိတ် မသိ ရသေးပါဘူး ။
ဦးအံ့မောင်ကို ဖမ်း တဲ့ အ ဆင့်မဟုတ် ဘဲ ရန်ကုန်မှာ အထူးအဖွဲ့ ဖွဲ့ ပြီး စစ်နေ တယ်လို့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်း ဆင့် ကိစ္စ နဲ့ ပတ်သက် တယ် လို့ လည်း အထူး သတင်း တပ်ဖွဲ့ ဘက် က ပြောပါတယ် ။
မဟာသန္တိသု ခ ကျောင်းတိုက် စီးနင်းမှု မှာ နောက်ကွယ်က စီစဉ် ညွှန်ကြားသူ လို့ ဝေဖန် ခံနေရတဲ့ ဦးအံ့မောင် ဟာ သာသနာရေး ဝန်ကြီး ဌာနမှာ အကြံပေး လုပ်ခဲ့သူ ပါ ။
ဒါ့အပြင် သန္တိသု ခ ကျောင်း သတင်းစာ ရှင်းလင်းပွဲ မှာ သူရဲ့ ရှင်းလင်း ပြောကြား မှု တွေဟာ အငြင်းပွားဖွယ် တွေလဲ ရှိခဲ့ပါတယ် ။
သတင်းစာ ရှင်းလင်းပွဲ သမ္မတရဲ့ အကြံပေး လို့ သုံးနှုန်း ခဲ့တာ ကိုတော့ ဦးအံ့မောင် ဟာ သမ္မတရဲ့ အကြံပေး မဟုတ် ဘူး လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲ ထွဋ်က ငြင်းခဲ့ ပါတယ် ။
ဦးအံ့မောင်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်တဲ့ ကိစ္စဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဖမ်းခံ ထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ် နေတယ် လို့လည်း သိရပါတယ် ။
သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲ သုံးစား ပြုမှုနဲ့ အထူး စုံစမ်း စစ်ဆေးရေး (စစစ) က ဖမ်းဆီး အမှုဖွင့် ထားတာ ဖြစ်ပြီး ရ မည်း သင်းထောင် မှာ ဖမ်းဆီး ထားတယ်လို့လဲ သိရပါတယ် ။
မိသားစု လှူဒါန်းတဲ့ ဘုရား အတွက် ကိုယ်ကျိုး သုံးစွဲပြီး ဝန်ကြီး ဌာန ငွေစာရင်းမှာ မမှန်မကန် စာရင်း ပြခဲ့ တာတွေရှိတဲ့ အတွက် ဦးဆန်းဆင့်နဲ့ အပေါင်းအပါ များ ကို ဥတ္တရသီရိ မြို့ ဘုရားကုန်း မြို့မ ရဲစခန်း မှာ အထူး စုံစမ်း စစ်ဆေးရေးက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ တာ လို့လဲ သိရ ပါတယ် ။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပတ်သက်သူ ၉ ဦးရှိပြီး အဲဒီလူ ပုဂ္ဂိုလ်တွေ အားလုံးကို အထူး စုံစမ်း စစ်ဆေးရေးက ဆက်လက် အရေးယူ သွားမယ်လို့လည်း သိရပါတယ်။
သမ္မတ အကြံပေး ဆိုပြီး ဦးအံ့မောင် သုံးနှုန်း ခဲ့ မှုအပေါ် မှာ တော့ စုံစမ်းနေပြီ လို့ သမ္မတ ပြောဆိုခွင့်ရှိ သူ ဦးရဲထွဋ်က ပြောထားပါတယ် ။





















