ဗိုလ်ချုပ် မောင်မောင်အုန်း ရခိုင် ဝန်ကြီးချုပ်ခန့်

rakhine
ဓာတ်ပုံ ပုံစာ, ဆင်းရဲမွဲတေမှု ၊ ပဋိပက္ခတွေနဲ့ ရခိုင်ပြည်
ရေးသားခဲ့သည်။

တနင်္လာနေ့က ပြုလုပ်တဲ့ ရခိုင် ပြည်နယ် အရေးပေါ် လွှတ်တော် မှာ တပ် ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်း ကို ရခိုင် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြု လိုက် ပါတယ်။

ဗိုလ်ချုပ် မောင်မောင်အုန်း ကို ရခိုင် ဝန်ကြီးချုပ် ခန့်အပ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးထိန်လင်းက တနင်္လာနေ့ မနက်က ပြုလုပ်တဲ့ အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်မှာ ကြေညာ သွားခဲ့ပါတယ်။

ရခိုင် ပြည်နယ် ဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ အပါအဝင် နိုင်ငံရေး ၊ စီးပွားရေး အရ ဆင်းရဲ မွဲတေမှု တွေနဲ့ ရင်ဆိုင် နေရ ပေမယ့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်သလို နောင် တက်မယ့် ရခိုင် အစိုးရ ကို ရလဒ်ကောင်း တွေ လွှဲပြောင်း နိုင်အောင် ကြိုးစား သွားမယ် လို့ ဝန်ကြီးချုပ်သစ် က ပြောပါတယ်။

အဲဒီလို ကြေညာ ပြီးတဲ့ နောက်ပိုင်း ရခိုင်ပြည်နယ် လွှတ်တော်ကို ရပ်နားခဲ့ပါတယ်။