ကာကွယ်ရေး ဦးစီးချုပ်နဲ့ မီဒီယာ တွေ့ဆုံ

min hlaing
ဓာတ်ပုံ ပုံစာ, တပ်ပိုင် စီးပွားရေးတွေ အများပိုင် အဖြစ် ပြောင်းမယ်
ရေးသားခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နဲ့ မီဒီယာ သတင်း ဌာန ၆ ခု နေပြည်တော်မှာ ကနေ့ တွေ့ဆုံ ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ လောက်ကိုင် မှာ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အကြောင်း အဓိက မေးမြန်း ခဲ့ကြပြီး စစ် ဦးစီးချုပ် ဘက်က ဖြေကြား ခဲ့ ပါတယ်။

ကိုးကန့် မှာ ဖြစ်ပွားတဲ့ တိုက်ပွဲ တွေ အတွင်း အကျအဆုံး များခဲ့ တာဟာ ထောက်လှမ်းရေး အချက်အလက် မရရှိ လို့ မဟုတ်ဘဲ တဘက် နိုင်ငံ နယ်စပ်နဲ့ နီးနေလို့ ၊ လက်နက်ကိုင် တွေနဲ့ တိုင်းရင်းသား ဒေသခံတွေ ရုပ်ရည် ဆင်တူ ဖြစ်နေတာ စတာ တွေကြောင့် သတိထား ဆောင်ရွက် နေရတဲ့ အတွက် ဖြစ်တယ် လို့ ဗိုလ်ချုပ် မှူးကြီးက ဖြေကြား ပါတယ်။

ဒီစစ်ပွဲ အတွင်း ကိုးကန့် ဘက်က ကူညီ တိုက်ပေးတဲ့ လက်နက်ကိုင် အဖွဲ့ တွေ အကြောင်း စုံစမ်း နေပြီး ဒီအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အနှောင့် အယှက် ဖြစ်လာ နိုင်တယ် လို့လည်း သူက ဆိုကြောင်း ဆွေးနွေးပွဲ တက်တဲ့ ဆဲဗင်းဒေး သတင်းစာ အမှုဆောင် အယ်ဒီတာ ကို အားမာန် က ပြောပါတယ်

တပ် ပိုင် စီးပွားရေး လုပ်ငန်းတွေကို ခေတ်စနစ် အုပ်ချုပ်ရေး လုပ်ငန်း တွေနဲ့ အညီ အများပိုင် အဖြစ် ပြောင်းဖွဲ့ဖို့ ရှိပြီး နှစ်ကာလ ဘယ်လောက် ကြာမလဲ မပြောနိုင်ဘူးလို့ စစ် ဦးစီးချုပ်က ဆိုကြောင်း ကို အားမာန် က ပြောပါတယ်။

ဦးပိုင် လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး အထူးတလည် ပြောကြား မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

မြန်မာ နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေ ကြား အနေအထား၊ လူမျိုးစု လက်နက်ကိုင် တွေနဲ့ ဘာသာရေး အစွန်းရောက် တွေ လှုပ်ရှားမှု ဒါတွေဟာ နိုင်ငံ လုံခြုံရေးမှာ အဓိက စိန်ခေါ်နေတဲ့ အချက်တွေ ဖြစ်တယ်လို့ ဦးစီးချုပ်က ပြောကြား ကြောင်း သိရပါတယ်။