တိုင်းရင်းသားအခွင့် အရေး ဥပဒေ ထုတ်ပြန်

President of Burma
ဓာတ်ပုံ ပုံစာ, သမ္မတ ဦးသိန်းစိန်က အတည်ပြုလိုက်တဲ့ တိုင်းရင်းသား အခွင့် အရေး ဥပဒေမှာ အားနည်းချက်တွေ ရှိနေ
ရေးသားခဲ့သည်။

တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့မှာ တိုင်းရင်းသား ဝန်ကြီးဌာန ဖွဲ့စည်းဖို့ ပါဝင်ပြီး တိုင်းရင်းသားတွေ အားလုံး တန်းတူ ညီမျှရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ၊ ဘာသာ စကားနဲ့ ရိုးရာ ဓလေ့ ထိန်းသိမ်းခွင့် တွေကိုလည်း ပေးထားပါတယ်။

ဒါ့အပြင် အကြောင်း မခိုင်လုံဘဲ တိုင်းရင်းသား အခွင့်အရေးကို တားမြစ် ပိတ်ပင်ရင် ထောင်ဒဏ်တစ်နှစ် အထိ ချနိုင်တယ်ဆိုတဲ့ ပြစ်ဒဏ်တွေလည်း ဖေါ်ပြထား ပါတယ်။

အဲဒီ ဥပဒေမှာ တိုင်းရင်းသားတွေ အဓိက တောင်းဆိုနေကြတဲ့ ဖယ်ဒရယ် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံတဲ့ အချက် ကိုတော့ မတွေ့ရပါဘူး။

အခုထွက်လာတဲ့ ဥပဒေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မူတည်ရေးဆွဲထားတာ ဖြစ်လို့ တိုင်းရင်းသားတွေ အတွက် လိုအပ်ချက်တွေ ပြည့်စုံ လုံလောက်မှု မရှိ သေးဘူးလို့ ကချင်တိုင်းရင်းသူ ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

လောလောဆယ် ဥပဒေသာ ထွက်ရှိသေးတာ ဖြစ်ပြီး နောက်ပိုင်းမှာ နည်းဥပဒေတွေ ထွက်လာရင်တော့ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေးကို ထိခိုက်နိုင်တာတွေ ရှိရင် လွှတ်တော်က တဆင့် ထောက်ပြမယ်လို့လည်း သူက ပြောပါတယ်။

နောက်ပိုင်းမှာလည်း တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ် အပါအဝင် တိုင်းရင်းသား အခွင့်အရေး တွေကို ဆက်လက် ပြုပြင်သွားရမယ်လို့ ဒေါ်ဒွဲဘူက ပြော ပါတယ်။