မြန်မာကျပ်ငွေ​တန်ဖိုး ဆက်​လ​က်ကျဆင်း

_kyat_
ဓာတ်ပုံ ပုံစာ, ပို့ကုန်ထက် သွင်းကုန်က များနေလို့ မြန်မာငွေ တန်ဖိုး ကျရတယ် လို့ ပညာရှင်တွေ သုံးသပ်။
ရေးသားခဲ့သည်။

အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာမှာ မြန်မာ ငွေတန်ဖို့း ကျဆင်း လာနေတာ ဆိုရင် အခုနှစ်ဆန်း မှာ တစ်ဒေါ်လာ ကို ကျပ် တစ်ထောင် ဝန်းကျင် ကနေ မေလ ၇ ရက် နေ့က ပေါက်စျေး အရ တစ်ထောင့် တစ်ရာ ကျော်သွား ပါတယ်။

ဒီ လို ဆက်တက် နေဦး မယ် ဆိုရင် နိုင်ငံခြား ဘဏ်တွေ က နေ ငွေချေး ယူ ရမယ့် လုပ်ငန်းရှင်တွေ အတွက် အခက်တွေ့ မှာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ် က ကြားဝင်ပြီး ထိန်းချုပ် သင့်တယ်လို့ မြန်မာ နိုင်ငံ က ပုဂ္ဂလိက ဘဏ် တွေ နဲ့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေ ကို အကြံ ပေးနေ တဲ့ ဒေါက်တာ ဂျော့ချ်စိုးဝင်း က သုံးသပ် ပါတယ် ။

အခုလို မြန်မာ ငွေ ဖောင်းပွ ရတာဟာ ပို့ကုန် ထက် သွင်းကုန် တန်ဖိုး များပြီး ကုန်သွယ်ရေး လိုငွေ ပြ နေတာ က အကြောင်း တစ်ချက် ဖြစ် သလို၊ ပို့ ကုန် အနေနဲ့ ကလည်း ကုန်ကြမ်းတွေ ကိုသာ ရောင်းချ နေရတာ က များပြီး စီးပွားရေး လုပ်ငန်း တွေ မတည် မငြိမ် ဖြစ်နေ တယ် လို့လည်း ဒေါက်တာ ဂျော့ချ်စိုးဝင်း က ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်းက ထိပ်တန်း ဆောက်လုပ်ရေး လုပ်ငန်း ရှင် တစ်ဦး ဖြစ်တဲ့ ဧဒင် ကုမ္ပဏီ အုပ်စု ရဲ့ အကြီးအကဲ ဦးချစ်ခိုင် ကလည်း ကျန် လုပ်ငန်း တွေ လိုပဲ ဆောက်လုပ်ရေး ပိုင်းမှာ အရောင်းအဝယ် မဖြစ်သလောက် လုပ်ငန်း အေး နေတယ် လို့ ပြောပါတယ်။

ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းက စလို့ နှစ်စဉ် ကုန်သွယ်မှု လိုငွေ ပြခဲ့တာ မှာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် မှာ ဆိုရင် လိုငွေ အမေရိကန် သန်း ငါးထောင် အ ထိ ရှိခဲ့ပါတယ်။