အစိုးရနဲ့ လူမျိုးစုတွေကြားက ပဋိပက္ခ ဖြေရှင်းဖို့လို

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာ နိုင်ငံ မှာ ဗဟို အစိုးရ နဲ့ တိုင်းရင်းသား လူမျိုးစု တွေ အကြား ပဋိပက္ခ ကို ဖြေရှင်း ဖို့ လိုတဲ့ အပြင် စစ်သား နဲ့ အရပ်သား အကြား ဆက်ဆံရေး တိုးတက် အောင် ပြုလုပ် ဖို့လည်း လိုအပ် တယ် ဆိုပြီး အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း က သြစတြေးလျ အမျိုးသား တက္ကသိုလ် ANU မှာ ကျင်း ပ ခဲ့တဲ့ အခမ်းအနား တစ်ရပ် မှာ ဦးခင်အောင်မြင့် ပြောကြား ခဲ့တဲ့ မိန့်ခွန်းထဲ အခုလို ပါဝင်တာ ဖြစ်ပါတယ်။
ANU ရဲ့ ၂ နှစ် တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရေးရာ ဆွေးနွေးပွဲ Burma Update Conference နဲ့ အတူ ပူးတွဲ ပြုလုပ်ခဲ့တဲ့ မြန်မာ သုတေသန ဌာန ဖွင့်လှစ်ပွဲ မှာ ဦးခင်အောင်မြင့် တက်ရောက် ပြီး စကားပြော ခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး သမာသမတ် ဖြစ်ရေး နဲ့ ရွေးကောက်ပွဲ ကာလ အလွန် တိုင်းပြည် တည်ငြိမ်ရေး ကိစ္စ တွေ အတွက် ဆောင်ရွက် သွားမယ် ဆိုပြီးတော့လည်း ပြောခဲ့ကြောင်း ANU မှာ ပါရဂူ ဘွဲ့ အတွက် ပြင်ဆင် နေတဲ့ ကို နိုင်ကိုကို က ဘီဘီစီ ကို ပြောပါတယ်။
အလွတ် သတင်းထောက် ကိုပါကြီး အသတ် ခံရမှု နဲ့ လက်ပံတောင်း ပဋိပက္ခ မှာ ဒေါ်ခင်ဝင်း အသတ် ခံရ မှု တို့ နဲ့ ပတ်သက်ပြီး ပရိသတ် ထဲ က မေးမြန်း ခဲ့ပါတယ်။
အဲဒီ့ ကိစ္စတွေ အပေါ် လိုအပ် တဲ့ စုံစမ်းမှု တွေ လုပ်နေပြီး ဥပဒေ အတိုင်း အရေးယူ အပြစ်ပေး မယ် လို့ ဦးခင်အောင်မြင့် က တုန့်ပြန် ခဲ့တယ် လို့လည်း ဆိုပါတယ်။
















