၀မ်ပေါင်က လုပ်ကွက်ဖော်ဖို့ ခြံစည်းရိုးတိုင်တွေ ထူနေ

ဓာတ်ပုံ ရင်းမြစ်, Han Win Aung FB
လက်ပံတောင်း ကြေးနီ စီမံကိန်း နဲ့ ပတ်သက်ပြီး ဒေသခံ တွေ နဲ့ မြေယာ ကိစ္စ ကြေလည် အောင် မညှိနှိုင်း နိုင် သေးတဲ့ အချိန် မှာပဲ ဆည်တည်း နဲ့ ဇီးတော ရွာ တွေ အနီး မှာ တရုတ် ပိုင် ဝမ်ပေါင် ကုမ္ပဏီ ဘက်က ခြံစည်း ရိုး တိုင် တွေ ထပ်မံ စိုက် လာ နေ လို့ ကုမ္ပဏီ အတွက် လုံခြုံရေး ယူပေး နေတဲ့ ရဲ တွေ နဲ့ ဒေသခံ ရွာ သား တွေ အကြား အခု ရက်ပိုင်း တွေ မှာ နေ့စဉ် လို ပဲ ပဋိပက္ခ တွေ ဖြစ် လာ နေပါတယ်။
လုပ်ကွက် တွေ ဖော် နေတဲ့ အချိန် ဖြစ်လို့ အခု လို ခြံစည်း ရိုး တွေ ခတ် နေတာ ဖြစ် တယ် ဆိုပြီး စစ်ကိုင်းတိုင်း သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် က ဘီဘီစီ ကို ပြောပါတယ်။
မြေယာ ကိစ္စ နဲ့ ပတ်သက်ပြီး အားလုံး စိတ် ကြိုက် မဖြစ် နိုင် သေး ရင် တောင် မှ ဖြေရှင်း နိုင် ဖို့ အတတ် နိုင် ဆုံး ကြိုးစား နေတယ် လို့ စုံစမ်းရေး ကော်မရှင် ရဲ့ အစီရင် ခံစာ အကောင်ထည် ဖော် ရေး ကော်မတီဝင် လည်း ဖြစ်တဲ့ ဦးသန်းထိုက် က ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ထဲ မှာ ပဲ လက်ပံတောင်း ဒေသ မှာ စုံစမ်းရေး ကော်မရှင် ရဲ့ အစီရင်ခံစာ ပါ အချက်တွေ ကို ၈၈% ကျော် ဆောင်ရွက် ပြီးပြီ လို့ သတ္တုတွင်း ဝန်ကြီး ဌာ န က လွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။
ဒါပေမယ့် လက်တွေ့ မှာ တော့ အစီရင်ခံစာ အကောင်ထည် ဖော်ရေး ကော်မတီ ရဲ့ ဆောင်ရွက် ချက်တွေ ဟာ အပေါ်ယံ ဟန်ပြ ပဲ ဖြစ်ပြီး ဒေသခံတွေ အတွက် မထိရောက် ဘူး လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရဲ့ ပုလဲ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
အာဏာ ပိုင် တွေ ရဲ့ ဖိအား နဲ့ လျော် ကြေး ယူပြီး အကောင်ထည် ဖော်ရေး ကော်မတီ က ဆောက် ပေး တဲ့ ရွာသစ်တွေ မှာ ပြောင်း နေ ရ သူ တွေ အတွက် လည်း လုပ် ကိုင် စားစရာ မြေ မရှိ လို့ အလုပ် လက်မဲ့ ဖြစ် နေရ သူ တွေ များ နေ ပါတယ်။

















