အထက်ပိုင်းမှာ မိုးကြီး ရေလျှံတွေဆက်ဖြစ်

flood
ဓာတ်ပုံ ပုံစာ, မိုးကြီး ရေလျှံမှုတွေ ဆက်ပြီး ဖြစ်ပွား နေ
ရေးသားခဲ့သည်။

မြန်မာ နိုင်ငံ အထက်ပိုင်း ဒေသတွေ မှာ မိုးကြီး ရေလျှံမှုတွေ ဆက်ပြီး ဖြစ်ပွား နေရာမှာ စနေနေ့ က ရှမ်းပြည် သီပေါ နားက နမ့်ပေါချောင်း တံတား ကျိုးကျလို့ လူသေဆုံး ပျောက်ဆုံး တာတွေ ရှိခဲ့ ပါတယ်။

သီပေါမြို့မှာ မြစ်ရေကြီးခဲ့ပြီး တံတား တစင်း ကျိုးကျ တာကြောင့် လူ ၅ ယောက် ထက်မနည်း သေဆုံး ခဲ့ရပါတယ်။

တံတား ကျိုးပြီး ပိကျ လို့ လူတွေ သေဆုံး ခဲ့ရတာ လို့ ဒေသခံ နာရေး ကူညီမှု အသင်း က ဘီဘီစီ ကို ပြောပါတယ်။

ရေထဲမျော သွားတဲ့ သူတွေ လည်း ရှိပြီး ၂ ယောက် ကိုတော့ ပြန်ကယ်တင် နိုင်ခဲ့ပါတယ် ။

ရေကြီးနေတဲ့ မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ် တကောင်းမြို့ မိုင်တိုင် အုပ်စု ဘုရား သုံးဆူ ရွာ နားမှာ လည်း လူတယောက် ရေထဲ မျောပါသွားလို့ အသက် ဆုံးရှုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် အတွင်းမှာ လည်း ရေတွေ ပြန်ကျတဲ့နောက် ပျက်ဆီးသွားတဲ့ စိုက်ခင်း တွေ ကို သက်ဆိုင်ရာ က စာရင်းကောက် ရာမှာ စာရင်းလျှော့ကောက် နေတယ် ဆိုတဲ့ စွပ်စွဲချက် တွေ လည်း ထွက်ပေါ် နေပါတယ်။