မဲပေးမယ့်သူတွေရဲ့ ဆန္ဒအပေါ် ဘီဘီစီ မေးမြန်းချက်

ဓာတ်ပုံ ရင်းမြစ်, epa
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်တဲ့အခါ မဲဆန္ဒရှင်တွေ အနေနဲ့ ဘယ်လို ဆန္ဒတွေနဲ့ ရွေးချယ်ကြမှာလဲ ဆိုတာကို သိရဖို့ ဘီဘီစီ ဖေ့စ်ဘွတ်ကနေ မေးမြန်းခဲ့ရာမှာ တုံ့ပြန် ဖြေကြားချက်ပေါင်း ၅ ထောင်ကျော် ရရှိခဲ့ပါတယ်။
မဲဆန္ဒရှင်တွေ အနေနဲ့ ကိုယ့်ဘဝထဲက ဘယ်လို ကိစ္စတွေကို ဦးစားပေး ဖြေရှင်း ပေးစေချင်တဲ့ ဆန္ဒနဲ့ ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မှာပါလဲ ဆိုတဲ့ မေးခွန်းကို ဘီဘီစီ သတင်း တင်ဆက်သူတွေရဲ့ မေးမြန်း ဖိတ်ခေါ်တဲ့ ဗီဒီယိုတွေနဲ့ အတူ ဖေ့စ်ဘွတ် ပေါ်မှာ ပို့စ် ၄ ခု တင်ပြီး ပရိသတ်တွေရဲ့ အဖြေကို တောင်းခံ ခဲ့တာပါ။
အဲဒီ ပို့စ် ၄ ခုမှာ တုံ့ပြန်ခဲ့ကြတဲ့ မှတ်ချက်ပေါင်း ၅ ထောင်ကျော် အနက် အကြောင်းအရာ ဆင်တူတာတွေ၊ မေးခွန်းနဲ့ တိုက်ရိုက် မသက်ဆိုင် တာတွေကို ပယ်ထုတ်ပြီး၊ မေးခွန်းနဲ့ ကိုက်ညီ ဆီလျော်တဲ့ မှတ်ချက်တွေထဲက တူရာတူရာကို စုပြီး သင့်လျော်ရာကို စိစစ် ရွေးနုတ်ကာ အောက်မှာ ဖော်ပြထားပါတယ်။
တုံ့ပြန် ဖြေကြားကြသူတွေ အနက် ကိုယ့်ဘဝထဲက ဖြေရှင်းစရာတွေက များပြား လွန်းတဲ့အတွက် ဘယ်အရာတွေကို ဦးစားပေးရမှန်း မသိဘူးလို့ ပြောကြသူတွေလည်း အများအပြား ရှိကြသလို၊ အရေအတွက် သိပ်မများတဲ့ လူတွေကတော့ ကိုယ်တောင်းဆိုချင်တဲ့ အချက်တွေကို တိတိကျကျ ပြောနိုင်ကြပါတယ်။
အဲဒီလို ကိုယ်ဖြေရှင်း စေချင်တဲ့ အချက်တွေကို တိတိကျကျ ပြောကြသူတွေအနက် အချို့ကတော့ ရေနဲ့ မီး မှန်ဖို့၊ ဆက်သွယ်ရေး ကောင်းဖို့ စတဲ့ အခြေခံ လိုအပ်ချက်တွေ အပြင် တရားဥပဒေ စိုးမိုးရေး ကိစ္စ၊ အရပ်သား အစိုးရ စစ်စစ် ပေါ်ပေါက်လာဖို့ ကိစ္စ စတာတွေကိုလည်း ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Other
အလုပ်သမား၊ လယ်သမား ပြည်သူတွေရဲ့ ဘဝ အခက်အခဲတွေကို ဖြေရှင်းပေးဖို့၊ လူမှုအဆင့်အတန်းတွေ တိုးတက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ စတဲ့ အရေး ကိစ္စတွေကို ဦးစားပေး တောင်းဆိုကြသူတွေလည်း အများအပြားပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Other
ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မဲဆန္ဒနယ်မှာ လက်ငင်း ကြုံတွေ့နေရတဲ့ အရေးကိစ္စတွေကို ဖြေရှင်းပေးဖို့လည်း အချို့က အချက်ကျကျ တောင်းဆိုကြတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Other
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး စာဖတ်သူကလည်း မှတ်ချက် ရေးလိုရင်၊ ဒါမှမဟုတ် တခြား မှတ်ချက်တွေကို ဖတ်လိုရင် အောက်ပါ လင့်ခ်တွေက တဆင့် ဖေ့စ်ဘွတ်ပေါ်က မူရင်း ပို့စ် ၄ ခုကို သွားရောက် နိုင်ပါတယ်။
<link type="page"><caption> ပို့စ် ၁</caption><url href="https://www.facebook.com/166580710064489/posts/900073470048539" platform="highweb"/></link>
<link type="page"><caption> ပို့စ် ၂</caption><url href="https://www.facebook.com/166580710064489/posts/900531396669413?_rdr=p" platform="highweb"/></link>
<link type="page"><caption> ပို့စ် ၃</caption><url href="https://www.facebook.com/166580710064489/posts/900859109969975?_rdr=p" platform="highweb"/></link>
<link type="page"><caption> ပို့စ် ၄</caption><url href="https://www.facebook.com/166580710064489/posts/901837673205452?_rdr=p" platform="highweb"/></link>





















