ဘိလပ်မြေစက်ရုံ ဆောက်ဖို့ အစီအစဉ် ပယ်ဖျက်

ဘိလပ်မြေ တန် ၁ သောင်းအထိ ထုတ်လုပ်နိုင်မယ့် စက်ရုံတည်ဖို့ ကရင်အဖွဲ့အစည်း ၄ဖွဲ့ကသဘောတူထားတာဖြစ်
ဓာတ်ပုံ ပုံစာ, ဘိလပ်မြေ တန် ၁ သောင်းအထိ ထုတ်လုပ်နိုင်မယ့် စက်ရုံတည်ဖို့ ကရင်အဖွဲ့အစည်း ၄ဖွဲ့ကသဘောတူထားတာဖြစ်
ရေးသားခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မိကရင်ရွာအနီးမှာ ဘိလပ်မြေ စက်ရုံတည်ဆောက်မယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီလို့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၄ ဦးက အတည်ပြုလိုက်ပါတယ်။

ဘိလပ်မြေကုန်ကြမ်းရှိတဲ့ ဘားအံမြို့နယ် မိကရင်ကျေးရွာ အနီးက တောင်ကို တစ်ရက်ကို ဘိလပ်မြေ တန် ၁ သောင်းအထိ ထုတ်လုပ်နိုင်မယ့် စက်ရုံတည်ဆောက်ဖို့ ကရင်အဖွဲ့အစည်း ၄ဖွဲ့ကသဘောတူထားတာဖြစ်ပါတယ်။

BGF အဖွဲ့၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ ကရင်ငြိမ်းချမ်းရေး PC ၊ DKBA ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် တို့က စုပေါင်း တည်ထောင်မှာ ဖြစ်ပါတယ်။

စက်ရုံမဆောက်ဖို့ ကို ဒေသခံတွေကန့်ကွက်တဲ့ အတွက် မတ်လ ၃၀ ရက်နေ့ ဗုဒ္ဓဟူးနေ့က ကရင် အဖွဲ့စုံက ဒေသခံတွေနဲ့ သွားရောက် တွေဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဒေသခံတွေက သဘောမတူတဲ့ အတွက် စက်ရုံ စီမံကိန်းကို ဖျက်သိမ်း လိုက်တာ ဖြစ်တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ဗိုလ်မှူးကြီးဖေါဒို က အတည်ပြု ပြောပါတယ်။

ဒေသခံတွေ လက်ခံမယ်ဆိုရင်တော့ ဘိလပ်မြေစက်ရုံ စီမံကိန်းလုပ်ဖို့ ပြန်လည်စဉ်းစားမှာ ဖြစ်ပေမယ့် ဒေသခံတွေ သဘောမတူညီရင် မလုပ်ဘူးလို့ ဗိုလ်မှူးကြီးဖေါဒိုက ပြောပါတယ်။