ဝန်ကြီး ၂ ဦး အသစ်ခန့်မည်

ဓာတ်ပုံ ရင်းမြစ်, bbc
ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားတဲ့ ပညာရေးဝန်ကြီးဌာန နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာတွေမှာ ဝန်ကြီးအသစ်တွေ ခန့်အပ်မယ်လို့ သိရပါတယ်။
တနင်္လာနေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သမ္မတသစ် ဦးထင်ကျော်က ဝန်ကြီးသစ် နာမည်စာရင်း တင်သွင်းမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးနေရာကို ဒေါက်တာ မျိုးသိန်းကြီး နဲ့ လျှပ်စစ်နဲ့ စွမ်းအင်အတွက် ဦးဖေဇင်ထွန်းကို ခန့်အပ်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ရှေ့နေချုပ်နဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်တို့ရဲ့ အမည်တွေကိုလည်း ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ဦးထင်ကျော်က တင်သွင်းဖို့ ရှိပြီး ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် လက်ရှိ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး နဲ့ စာရင်းစစ်ချုပ်ကို ဦးမော်သန်းကို တာဝန်ပေးဖို့ ရှိပါတယ်။

















