မြန်မာ-အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ ရာချီပြီး တွေ့ဆုံမယ်

_umfcci_building
ဓာတ်ပုံ ပုံစာ, စ်ဘက် အစိုးရတွေကို မူဝါဒပိုင်း ဆိုင်ရာ အကြံပြုချက်တွေ ပြုလုပ် နိုင်ဖို့ ရည်ရွယ်။
ရေးသားခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI ရဲ့ ရန်ကုန် ရုံးချုပ်မှာ မြန်မာ လုပ်ငန်းရှင်တွေနဲ့ အမေရိကန် ကုန်သည် အသင်းချုပ်က သူတွေ ဇွန်လ ခြောက်ရက် တနင်္လာနေ့မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။

မြန်မာဘက်က နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ညွှန်ကြားရေးမှုးချုပ် လို အစိုးရ အဆင့်မြင့် အရာရှိတွေ အဲဒီ အစည်းအဝေးမှာ ရှိနေမှာ ဖြစ်သလို အမေရိကန် ကုန်သည် အသင်းချုပ်ရဲ့ အကြီးတန်း ညွှန်ကြားရေးမှုး လည်း ရန်ကုန်ကို ရောက်နေပြီ ဖြစ်တယ်လို့ UMFCCI က ဘီဘီစီကို ပြောပါတယ်။

တက်ရောက် ဆွေးနွေး ကြမယ့် နှစ်ဘက် လုပ်ငန်းရှင်တွေ ရာကျော် ရှိပြီး ကွန်ပြူတာ နည်းပညာ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့၊ ဘဏ္ဍာရေး၊ ကုန်ထုတ် စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍ ပေါင်းစုံ အတွက် ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ UMFCCI က ပြောပါတယ်။

အမေရိကန်-မြန်မာ စီးပွားရေး ဆက်ဆံရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ့် ဒီ ကွန်ဖရင့်စ် ကနေ သက်ဆိုင်ရာ နှစ်ဘက် အစိုးရတွေကို မူဝါဒပိုင်း ဆိုင်ရာ အကြံပြုချက်တွေ ပြုလုပ် နိုင်ဖို့ ရည်ရွယ် တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် အမေရိကန် ဘက်က ရင်းနှီး မြှုပ်နှံမှုတွေ ပိုပြီး ဝင်ရောက် လာအောင် နှစ်ဘက် ကုန်သည် အသင်းတွေ ကြိုးစားကြတာ ဖြစ်တယ်လို့ UMFCCI ရဲ့ ဒုဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ဘီဘီစီကို ပြောပါတယ်။