ကက်တလိုးနီးယား ရဲအကြီးအကဲကို စစ်ဆေး
ရေးသားခဲ့သည်။
စပိန်အခြေခံဥပဒေခုံရုံးက မကျင်းပဖို့ အမိန့်ထုတ်ထားတဲ့ကြားကပဲ ကက်တလိုးနီးယားပါလီမန် အစည်းအဝေးကို လာမယ့် အပတ်ထဲမှာ ဖြစ်အောင် ကျင်းပသွားမယ်လို့ ကက်တလန်ခေါင်းဆောင်တွေက ပြောပါတယ်။ အငြင်းပွားစရာ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် ဒီပါလီမန်ကနေ လွတ်လပ်ရေး ကြေညာမယ်လို့ ယူဆရပါတယ်။ ဒီနေ့မှာတော့ ကက်တလိုးနီးယားဒေသ ရဲဌာန အကြီးအကဲဟာ တရားရုံးမှာ အစစ်ခံနေရပါတယ်။ သူဟာ ဆန္ဒခံယူပွဲအတွင်းတုန်းက နိုင်ငံတော်ပုန်ကန်မှုနဲ့ စွပ်စွဲခံရသူ ၄ ဦးထဲက တစ်ဦး ဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြထားပါတယ်။