အသားစားမှု လျှော့ရင် ဆေးမတိုးမှု လျော့နိုင်

ဗီဒီယို ပုံစာ, အသားစားမှု လျှော့ရင် ဆေးမတိုးမှု လျော့နိုင်
ရေးသားခဲ့သည်။

လူတွေရဲ့ အသားစားမှုကို လျော့ချတာ၊ ပဋိဇီဝစျေးနှုန်းတွေ မြှင့်တာ နဲ့ မွေးမြူရေးခြံတွေမှာ ပဋိဇီဝဆေးသုံးစွဲမှုကို ပိုမို ကန့်သန့်တာတွေ လုပ်မယ်ဆိုရင် လူတွေ ဆေးမတိုးတဲ့ အခြေအနေကို ကူညီဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုင်းရင့်စ် သိပ္ပံဂျာနယ်မှာ ထုတ်ပြန်ထားတဲ့ လေ့လာချက်အသစ်တစ်ခုက ဖော်ပြပါတယ်။ ဒီလိုသာ လုပ်ဆောင်မယ်ဆိုရင် မွေးမြူရေးခြံတွေရဲ့ ပဋိဇီဝဆေး သုံးစွဲမှုကို ၈၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်မှာဖြစ်သလို ဆေးမတိုးမှု နှုန်းကိုလည်း လျှော့ချနိုင်မယ်လို့ သုတေသီတွေက ပြောပါတယ်။ မရီရီအောင်က ပြောပြထားပါတယ်။