ဒေါ်လာစျေး ထိန်းချုပ်ဖို့ စစ်ကောင်စီ ဗဟိုဘဏ် ကြိုးပမ်း
ရေးသားခဲ့သည်။
နိုင်ငံပိုင် ဘဏ်လုပ်ငန်းတွေ ဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ် MFTB နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် MICB တို့ကို အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ခဲ့ပြီးနောက်မှာ စျေးကွက်ထဲမှာ ဒေါ်လာငွေ စျေးနှုန်း မြင့်တက်သွားခဲ့ပါတယ်။
ဒါကို ထိန်းချုပ်ဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က Online Trading စနစ်ကို ကြေညာပါတယ်။ အဲဒီအစီအစဉ်နဲ့ တစ်ဒေါ်လာ ၂၉၂၂ ကျပ် စျေးနှုန်းနဲ့ ဒေါ်လာ ၈ သန်းဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှု နောက်ဆက်တွဲ အဖြစ် ပြည်တွင်း ငွေကြေးစျေးကွက်မှာ အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအကြောင်း မညိုလဲ့ရည်က ပြောပြပေးမှာပါ