စစ်ကိုင်း PDF စခန်းတွေ စီးနင်းခံရမှု အနည်းဆုံး ၃၉ ဦးသေဆုံး

ဗီဒီယို ပုံစာ, စစ်ကိုင်း PDF စခန်းတွေ စီးနင်းခံရမှု အနည်းဆုံး ၃၉ ဦးသေဆုံး
ရေးသားခဲ့သည်။

ဇွန်လအတွင်း စစ်ကိုင်း မြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဒေသကာကွယ်ရေး စခန်းနဲ့ ထုတ်လုပ်ရေးစခန်းတချို့ ဝင်ရောက် စီးနင်းခံရပြီး PDF နဲ့ ပကဖအဖွဲ့ဝင် အနည်းဆုံး ၃၉ ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်စဉ်မှာလည်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုဝေဖြိုးက ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေ ပါဝင်ပါတယ်။