၂၁ ရာစု ပင်လုံညီလာခံမှာ စစ်တပ်ပါဖို့ ဘယ်လောက် လိုအပ်သလဲ
ရေးသားခဲ့သည်။

၂၁ ရာစုပင်လုံညီလာခံဟာ ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်ဘဲ အမျိုးသားရင်ကြားစေ့ရေး အတွက် အထောက်အကူ ဖြစ်စေမဲ့ စုစည်းမှု တခု ဖြစ်တယ်ဆိုတာ တပ်မတော်နဲ့ တခြားအဖွဲ့တွေ နားလည်အောင် ကြိုးစားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒီတော့ ၂၁ ရာစုပင်လုံညီလာခံမှာ စစ်တပ်ပါဝင်လာဖို့ ဘယ်လောက် လိုအပ်တယ်ထင်ပါသလဲ
စစ်တပ်ပါဝင်လာခြင်းအားဖြင့် အမျိုးသားရင်ကြားစေ့ရေးကို ပို အကောင်အထည်ဖေါ်လာနိုင်မလား
သောတရှင်တို့ရဲ့ ထင်မြင်ယူဆချက်တွေကို ဒီဇင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ CRPP အဖွဲ့ဝင် ဇိုမီးချင်းအမျိုးသားကွန်ကရက်ရဲ့ ဥက္ကဌ ဦးကျင်ရှင်ထန် နဲ့ ပြည်ပအခြေစိုက် ရှမ်းဒီမိုကရက်တစ်Union SDU ရဲ့အထွေထွေ အတွင်းရေးမှုး စိုင်းဝမ်ဆိုင်းတို့လဲပါဝင် ဆွေးနွေးခဲ့ကြပါတယ်။