တရားဥပဒေ စိုးမိုးမှု ရှိပြီလား
ပြီးခဲ့တဲ့ နှစ်ထဲမှာ သမ္မတ ဦးသိန်းစိန်ဟာ တိုင်စာ ၆၀၀၀ ကျော် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုင်စာတော်တော်များများဟာ တရားစီရင်ရေး၊ တရားသူကြီး၊ အမှုမျိုးစုံနဲ့ ပတ်သက်တဲ့ တိုင်စာတွေလို့လည်း သိရပါတယ်။
ပြည်သူတွေဟာ တရားရုံးထက် သမ္မတကို ပိုအားကိုးနေပါသလား။
အခုလက်ရှိ အစိုးရသစ်လက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်ခဲ့ပါပြီလား။
တရားစီရင်ရေးနဲ့ပတ်သက်တဲ့ သောတရှင်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးချင်တဲ့ သောတရှင်တို့ အနေနဲ့ ဖုန်းနံပါတ် ၀၀၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်သွယ်ပြီး တယ်လီဖုန်း အသံဖမ်းစက်ထဲမှာ မိမိပြောလိုရာကို ပြောကြားခဲ့ နိုင်ပါတယ်။ ( ဒီဖုန်းနံပါတ်မှာ ပြန်လည် ဖြေဆိုမယ့်သူ မရှိပါ။ ကိုယ်ပြောချင်တာကို ပြောထားခဲ့ဖို့သာ ဖြစ်ပါတယ်။ လူကိုယ်တိုင်နဲ့ စကားပြောဆို ဆက်သွယ်ချင်ရင်တော့ အဲဒီတယ်လီဖုန်း အသံဖမ်းစက်ထဲမှာ ကိုယ့်နာမည်၊ ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်တွေကို အသံသွင်းထားခဲ့ပါ။ ဘီဘီစီက ပြန်ခေါ်ပါမယ်)
အီးမေးလ်နဲ့ ဆက်သွယ်ချင်ရင်တော့ burmese@bbc.co.uk ကို ဆက်သွယ်နိုင်ပါတယ်။
အသံဖိုင်ကို အီးမေးလ်နဲ့လည်း ပေးပို့နိုင်ပါတယ်။
အောက်က ပုံစံ စာရွက်မှာ ဖြည့်စွက်ပြီးတော့လည်း ပေးပို့နိုင်ပါတယ်။





















